Home  / News  / News Details

သတင်း အသေးစိတ်

ရန်ကုန်အိမ်ခြံမြေဈေးကွက် ပြီးခဲ့တဲ့နှစ်နှင့်နှိုင်းယှဉ်ပါက ၆၀ ရာခိုင်နှုန်းတိုးတက်လာ ဟုဆို

Dec 26, 2024  /

ရန်ကုန်အိမ်ခြံမြေဈေးကွက်  ပြီးခဲ့တဲ့နှစ်နှင့်နှိုင်းယှဉ်ပါက ၆၀ ရာခိုင်နှုန်းတိုးတက်လာ ဟုဆို

Myanmar Property Dealer

ဒီဇင်ဘာ (၂၆)ရက်။

ရန်ကုန်အိမ်ခြံမြေဈေးကွက်က ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဥ်ပါက ၆၀ ရာခိုင်နှုန်းတိုးတက်လာတယ်လို့ အိမ်ခြံမြေအကျိုးတော်ဆောင်တစ်ဦးက ပြောပါတယ်။

 သီတင်းကျွတ်ကာလနောက်ပိုင်း အိမ်ခြံမြေဈေးကွက် အေးစက်နေသော်လည်း နှစ်သစ်ကူးကာလတွင် အရောင်း အဝယ်ပြန်ဖြစ်နိုင်တယ်လို့လည်း အိမ်ခြံမြေအကျိုးတော်ဆောင်များက သုံးသပ်ထားကြပါတယ်။

အိမ်ခြံမြေဈေးကွက်မှာ ရှမ်းတရုတ်တွေက အများဆုံးရင်းနှီးမြှုပ်နှံတယ်။ မြေကွက်ကို အများဆုံးဝယ်ကြတယ်။ ပြီးရင် အထပ်မြင့်အဆောက်အဦတွေဆောက်တယ်။ Resident ဆောက်ကြတယ်။ လုံးချင်းအိမ်တွေ၊ ကွန်ဒိုတွေ ကျတော့ အဝယ်ထက် အငှားပိုများတယ်။" ဟု အိမ်ခြံမြေအကျိုးတော်ဆောင်တစ်ဦးထံမှသိရပါတယ်။

အိမ်ခြံမြေဈေးကွက်အခြေနေက ဒေါ်လာအတတ်အကျပေါ်မူတည်ပြီး လိုက်ပါလှုပ်ခတ်လေ့ရှိပြီး လက်ရှိတွင် ဒေါ်လာဈေး  ၄၀၀၀ ပတ်ချာလည်အတွင်း ဈေးငြိမ်နေတဲ့အတွက် အိမ်ခြံမြေဈေးကွက်ကလည်း အေးနေခြင်းဖြစ်နိုင် တယ်လို့လည်း သိရပါတယ်။

လက်ရှိတွင် တောင်ဒဂုံ၊ မြောက်ဒဂုံမြို့နယ်ရှိ မြေကွက်များကို ရှမ်းပြည်နယ်ဘက်မှ အဝယ်များပြီး၊တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ သာကေတ နှင့် တာမွေ၊ကျောက်မြောင်းဘက်ရှိ တိုက်ခန်းများကို ရခိုင်ပြည်နယ်ဘက်မှလာရောက်ကြတဲ့ရွေ့ပြောင်းများကြောင့် အငှားများနေတယ်လို့လည်းသိရပါတယ်။

 " အဝယ်ကတော့ ရှမ်းတရုတ်တွေကပိုများတယ်။ ရှမ်းမြောက်ဘက်ကလာတဲ့သူတွေပေါ့။ ရခိုင်ကကျတော့ အဝယ်မရှိဘူး။ အငှားများတယ်" ဟု ၎င်းကဆက်လက်ရှင်းပြထားပါတယ်။