Home  / News  / News Details

သတင်း အသေးစိတ်

“ရန်ကုန်မြို့ရဲ့ ၈၀%လောက်က အိမ်ငှားတွေပါ။ ၂၀%လောက်ဘဲ အိမ်ပိုင်ပါတယ်။ အဲ့ဒါကြောင့်မို့ ရန်ကုန်တိုင်းအတွင်းမှာအိမ်ရာလိုအပ်ချက်ကတော့ အမြဲတမ်းရှိနေမှာပါ  ”

Apr 6, 2023  /

“ရန်ကုန်မြို့ရဲ့ ၈၀%လောက်က အိမ်ငှားတွေပါ။ ၂၀%လောက်ဘဲ အိမ်ပိုင်ပါတယ်။ အဲ့ဒါကြောင့်မို့ ရန်ကုန်တိုင်းအတွင်းမှာအိမ်ရာလိုအပ်ချက်ကတော့ အမြဲတမ်းရှိနေမှာပါ  ”


ဧပြီလ (       ၁၄ )ရက်။

Myanmar Property Dealer

အိမ်ခြံမြေလောကမှာ ဆယ်စုနှစ်တစ်ခုကြာလုပ်ကိုင်နေတဲ့ဝါရင့်အိမ်ခြံမြေအကျိုးဆောင်တစ်ဦးလည်းဖြစ်ပြီး၊မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (ရန်ကုန်တိုင်း)အတွင်းရေးမှူးတာဝန်ယူထားတဲ့ ဦးမျိုးမြင့်အောင်ကို ၂၀၂၃ခုနှစ်အတွင်းအိမ်ခြံမြေ အရောင်းအဝယ် အခြေအနေ၊ ဈေးကွက်အခြေအနေတို့နဲ့ ပါတ်သက်ပြီး Myanmar Property Dealer က တွေ့ဆုံမေးမြန်းထားပါတယ်။

မေး       ။ အရင်ဆုံး ဆရာတာဝန်ယူထားတဲ့အပိုင်းတွေကိုမိတ်ဆက်ပေးပါအုံး ။

ဖြေ       ။ ဦးမျိုးမြင့်အောင်ပါ ရန်ကုန်တိုင်း အိမ်ခြံမြေဝန်ဆောင်မှုအသင်းရဲ့ အတွင်းရေးမှူး အနေနဲ့ တာဝန်ထမ်းဆောင်နေပါတယ်။ ကုမ္ပဏီအနေနဲ့ပြောရရင်တော့ ဇလပ်ပွင့်အိမ်ခြံမြေ ဝန်ဆောင်မှုကုမ္ပဏီရဲ့ မန်းနေးဂျင်းဒါရိုက်တာ ဖြစ်ပါတယ်။

မေး       ။ ပထမဆုံးမေးခွန်းအနေနဲ့ ၂၀၂၃ခုနှစ်အတွင်း အိမ်ခြံမြေအရောင်းအဝယ်အခြေ နဲ့ ဈေးကွက်အခြေအနေ လေးကို သုံးသပ်ပေးပါ။

ဖြေ       ။ လက်ရှိအနေအထားကို သုံးသပ်ရမယ်ဆိုရင် နည်းနည်းပိုကောင်းလာမယ်လို့ သုံးသပ်ရမယ် ။ဘာလို့ပိုကောင်းလာလဲဆိုရင် စပ်ကူးမတ်ကူးကာလဖြစ်နေတာပေါ့နော်။မတ်လ၃၁ရက်နေ့အထိက လက်ရှိ အခွန်နှုန်းထားအတိုင်းနဲ့ လက်ရှိရာဖြတ်နှုန်းထားအတိုင်း အခွန်ဆောင်ရမယ်ပေါ့လေ။ ဒီနောက်ပိုင်း ၂၀၂၃ ဧပြီလဆန်းလောက် ရောက်ရင်တော့ ပြည်ထောင်စုအခွန်ကောက် ဥပဒေကြမ်းထွက်မယ်ပေါ့ အဲ့ဒီကျရင်တော့ အိမ်ခြံမြေလောက ဈေးနှုန်းတက်မှာလား၊ ကျမှာလားဆိုတာ  အဲ့ဒီဥပဒေပေါ်မူတည်သွားပါလိမ့်မယ် ။

မေး       ။ အကယ်၍ ဈေးနှုန်းအပြောင်းအလဲ ဖြစ်ရင် ဘာတွေဖြစ်လာနိုင်လဲ ။

ဖြေ       ။ ၂၀၂၃ ပြည်ထောင်စုအခွန်ကောက် ဥပဒေကြမ်းထွက်လာရင်ပေါ့လေ ဥပဒေမှာ ဆောင်ရမဲ့ ငွေခွန်နှုန်းထားတွေက အခုထက်ပိုပြီးများမယ် ။နောက်တခုက ပြည်တွင်းအခွန်ကထုတ်တဲ့ ရာဖြတ်နှုန်းထားတွေက ဒီ့ထက်ပိုပြီးများမယ်ဆိုရင်တော့ ဝယ်လိုအား ကျသွားနိုင်ပါတယ် ။ဝယ်လိုအားကျသလို အိမ်ခြံမြေဈေးနှုန်းလည်း ကျသွားဖို့ အလားအလာရှိပါတယ်။

မေး       ။ နောက်ထပ်မေးခွန်းအနေနဲ့ ရန်ကုန်မြို့မှာ ရွေ့ပြောင်းလုပ်သားတွေအများကြီးရှိနေတော့ လက်ရှိလူဦးရေနဲ့ အိမ်ခန်းလိုအပ်ချက်လောက်ငှမှုရှိလား။

ဖြေ       ။ ရန်ကုန်ကိုအများဆုံးရောက်ရှိလာတဲ့ ရွေ့ပြောင်းလုပ်သားတွေကတော့ ဧရာဝတီတိုင်းဘက်ကတော့ အများဆုံးဝင်လာတာပေါ့လေ။ ဒီတော့ အိမ်ခန်းပေါင်းလိုအပ်ချက်က တစ်နှစ်ကို ၂သောင်းလောက် လိုအပ်ချက်ရှိပါတယ်။ ဒီအပေါ်မှာ တိုက်ခန်း၊ ကွန်ဒိုတွေ ဘာကြောင့်အ‌ရောင်းအဝယ်ဖြစ်နေတာလဲဆိုရင် ရန်ကုန်မြို့ရဲ့ ၈၀%လောက်က အိမ်ငှားတွေပါ။ ၂၀%လောက်ဘဲ အိမ်ပိုင်ပါတယ်။ အဲ့ဒါကြောင့်မို့ ရန်ကုန်တိုင်းအတွင်းမှာအိမ်ရာလိုအပ်ချက်ကတော့ အမြဲတမ်းရှိနေမှာပါ ။

မေး       ။ ဆရာတို့အတွေ့အကြုံအရအိမ်ရာလိုအပ်ချက်တွေ အပေါ်မှာ ဘယ်လိုဖြေရှင်းသွားရင် အဆင်ပြေမယ်လို့ သုံးသပ်မိလဲ။

ဖြေ       ။ ပထမတော့ ရန်ကုန်မြို့သစ်စီမံကိန်းကို မျှော်တာပေါ့လေ။ ဘာလို့ဆို ရန်ကုန်မြို့သစ်စီမံကိန်းရဲ့ မြေတန်ဖိုးက ဇီးရိုးနဲ့သွားတာကိုး ၊အခုလက်ရှိ တိုက်ခန်းတွေ ကွန်ဒိုတွေ ဈေးကြီးတယ်ဆိုတာ မြေတန်ဖိုးမြင့်လို့ ဈေးကြီးတာပါပေါ့နော်။ ဒီမှာကြတော့ မြေတန်ဖိုးမရှိဘဲ မြို့သစ်ကြီးပေါ်လာမယ်ဆိုရင်တော့ ကောင်းတယ်လို့ အားလုံးမျှော်လင့်ခဲ့တာပေါ့နော် ။အခုတော့မသေချာတော့ဘူးပေါ့။အဲဒီလိုလေးတွေတော့ရှိပါတယ်။

ကျေးဇူးတင်ပါတယ်။