Home  / News  / News Details

သတင်း အသေးစိတ်

ပြည်တွင်းအိမ်ခြံမြေဥပ‌ဒေအားနည်းချက်ကိုအခွင့်ကောင်းယူပြီးကိုရီးယား၊တရုတ်လူမျိုးများအကျိုးဆောင်ဝင်လုပ်နေကြဟုသိရ

Mar 31, 2023  /

ပြည်တွင်းအိမ်ခြံမြေဥပ‌ဒေအားနည်းချက်ကိုအခွင့်ကောင်းယူပြီးကိုရီးယား၊တရုတ်လူမျိုးများအကျိုးဆောင်ဝင်လုပ်နေကြဟုသိရ

မတ်လ (၃၁)ရက်။

Myanmar Property Dealer

 ပြည်တွင်းမှာရှိတဲ့အိမ်ခြံမြေအကျိုးဆောင်ဝန်ဆောင်မှုများနှင့်ပတ်သက်ပြီးတိကျခိုင်မာတဲ့ အိမ်ခြံမြေဥပဒေများထွက်ရှိလာ ခြင်းမရှိတဲ့အတွက် နိုင်ငံခြားသားတရုတ်၊ကိုရီးယားနှင့်ဂျပန်လူမျိုး တချို့အိမ်ခြံ မြေအကျိုးဆောင် လုပ်ငန်းတွေ မှာဝင်ရောက်လုပ်ကိုင်နေတယ်လို့သိရပါတယ်။

အထူးသဖြင့် လှိုင်သာယာမြို့နယ်အတွင်းမှာဆိုရင် တရုတ်လူမျိုးအကျိုးဆောင်များပြားနေပြီး၊မရမ်းကုန်းမြို့နယ် အတွင်းရှိကိုးမိုင်ဝန်းကျင်မှာလည်းကိုရီးယားလူမျိုးတချို့အိမ်၊ခြံ၊မြေ၊တိုက်ခန်း၊ ကွန်ဒိုလုပ်ငန်းတွေမှာဝင်ရောက်လုပ်ကိုင်နေကြတယ်လို့သိရတာပါ။

‘’ကျွန်တော်တို့ရန်ကုန်တိုင်းအတွင်းမှာဆိုရင်တရုတ်အကျိုးဆောင်တွေ၊ကိုရီးယားအကျိုးဆောင်တွေဝင်လာကြတယ်။ဂျပန်အကျိုးဆောင်တွေကတော့ရှိတော့ရှိတယ်။ရှားပါတယ်။ဘာလို့ဒီမှာသူတို့တွေဝင်လာပြီးအိမ်ခြံမြေတွေလုပ်ကြတာလဲဆိုရင် ဒီမှာကဥပ‌ဒေအားနည်းတာကိုး၊အဲဒီဥပဒေအားနည်းချက်တွေကိုအခွင့်ကောင်းယူပြီး ကိုးရီးယားအကျိုးဆောင်တွေ၊တရုတ်အကျိုးဆောင်တွေပေါ်လာကြတာဖြစ်တယ်။ဒါကြောင့်အိမ်ခြံမြေဥပဒေထွက်ဖို့လိုတယ်လေ။ဥပမာပြောရရင် ကိုရီးယားအဖွဲ့တွေဆိုရင်ကျွန်တော်ကိုအပ်ပြီးအကျိုးဆောင်ခမပေးတာရှိတယ်။အဲဒီတော့ကျွန်တော့်တို့ရှေ့နေတွေနဲ့နို့တစ်စာပို့လိုက်တာနဲ့ချက်ခြင်းကိုငွေပေးတာ။တရားရုံးအဆင့်ကိုမရောက်ဘူး၊သူတို့တွေကဥပဒေကိုတော့အတော်ကြောက်ကြတာ’’ဟု ရန်ကုန်တိုင်း ၊မြန်မာနိင်ငံအိမ်ခြံမြေဝန်ဆောင်အသင်း(အတွင်းရေးမှူး ) ဦးမျိုးမြင့်အောင်ကပြောပြတာပါ။

လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာနိင်ငံအိမ်ခြံမြေဝန်ဆောင်အသင်း နှင့်မြန်မာနိုင်ငံအိမ်ခြံမြေဖွံ့ဖြိုးတိုး တက်ရေးအသင်း နှစ်ဖွဲ့ရှိနေပြီး အဆိုပါအသင်းများတွင်ဝင်ရောက်သူများကိုအသင်းဝင် အသိအမှတ်ပြု ကတ်ပြားထုတ်ပေးပြီး၊ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုဥပဒေသင်တန်းတက်ရောက်ပြီးစီးမှသာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင်လုပ်ငန်းလိုင်စင်လျောက်ရမှာလည်းဖြစ်ပါတယ် ။