Home  / News  / News Details

သတင်း အသေးစိတ်

သုခဒဂုံ ပြည်သူ့အငှား အိမ်ရာတတိယ အသုတ်အိမ်ခန်းငှားရမ်းခွင့် ယခုလနောက်ဆုံးပတ်တွင် မဲနှိုက်မည်

Oct 16, 2024  /

သုခဒဂုံ ပြည်သူ့အငှား အိမ်ရာတတိယ အသုတ်အိမ်ခန်းငှားရမ်းခွင့် ယခုလနောက်ဆုံးပတ်တွင် မဲနှိုက်မည်

 

အောက်တိုဘာ(၁၇)

Myanmar Property Dealer

 တောင်ဒဂုံမြို့နယ်အတွင်းအကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာတတိယ အသုတ်အိမ်ခန်းငှားရမ်းခွင့်အတွက် အောက်တိုဘာလ ၂၆ ရက်တွင် မဲနှိုက်ရွေးချယ်သွားမှာဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(ရန်ကုန်)က အသိပေးထားရှိပါတယ်။

 အဆိုပါ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာတတိယ အသုတ် အိမ်ခန်း ငှားရမ်းခွင့်ရရှိနိုင်ရန် မဲနှိုက်ခွင့် ရရှိမယ့် သူများစာရင်းကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှုး ရုံးများတွင် အသိပေးကြေညာထားပြီးလည်းဖြစ်ပါတယ်။

 ယခုလ ၂၆ ရက်နေ့တွင် မဲနှိုက်မှာဖြစ်ပြီးမဲနှိုက်ခွင့် ရသူကိုယ်တိုင်လာရောက်ရမှာဖြစ်ပြီး လူကိုယ်တိုင် မလာရောက်နိုင်ပါက  ကိုယ်စားလှယ် လွှဲစာဖြင့် ကိုယ်စားတစ်ဦးစေလွှတ်ရမှာဖြစ်ပါတယ်။အကယ်၍ မဲနှိုက်ရန်လာရောက်ခြင်းမရှိပါက မဲနှိုက်မယ့်စာရင်းကနေ  ပယ်ဖျက်မှာဖြစ်တယ်လို့အသိပေးထားရှိပါတယ်။

 လက်ရှိတွင် ဆောက်လုပ်ပြီးစီးတဲ့ အခန်းပေါင်း ၆၀၀ ခန့် တိုက်ခန်းများ ဖြစ်ပြီး ဆောက်လုပ်ရန် ကျန်ရှိနေတဲ့ တိုက် (၂၈) လုံး ပြီးစီးပါက  ပြီးစီးတဲ့တိုက်များအလိုက် အဆင့်ဆင့် မဲနှိုက် ရွေးချယ် ဆောင်ရွ က်ပေးသွားမှာဖြစ်တယ်လို့လည်းအသိပေးထားရှိပါတယ်။

 သုခဒဂုံအငှားအိမ်ရာ၏ ငှားရမ်းနေထိုင်မှုအတွက် ပထမထပ် ငွေကျပ် ၆၇၀၀၀၊ ဒုတိယထပ် ငွေကျပ် ၆၀၀၀၀၊ တတိယထပ် ငွေကျပ် ၅၅၀၀၀ နှင့် စတုတ္ထထပ် ငွေကျပ် ၄၆၀၀၀ သတ်မှတ်ထားရှိပြီး ၊ပြီးခဲ့တဲ့ မေလအတွင်း အငှားအိမ်ရာ ဒုတိယအဆင့်မှ တိုက် ၄၈ လုံး၊ အခန်းပေါင်း ၇၆၈ ခန်းအတွက် မီတာများ ရရှိပြီးဖြစ်တဲ့အတွက် နေထိုင်ခွင့်ရှိသူများကို အိမ်လခပေးသွင်းခြင်းနှင့် စာချုပ်ချုပ်ဆိုခြင်းများဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်တယ် လို့လည်းသိရပါတယ်။