တောင်ဥက္ကလာပမြို့နယ်
အိမ်ခြံမြေဈေးကွက်တွင်
မြေကွက်နှင့်
လုံးချင်းအိမ်များထက်
တိုက်ခန်းအရောင်းအဝယ်
ပိုမိုသွက်လက်
ဩဂုတ်(၂၉)
Myanmar
Property Dealer
တောင်ဥက္ကလာပမြို့နယ်ရဲ့
အိမ်ခြံမြေဈေးကွက်ဟာ လက်ရှိမှာ အရောင်းအဝယ်အေးနေတဲ့ မြို့နယ်တွေထဲမှာ မပါဝင်ဘဲ ပုံမှန်အရောင်းအဝယ် ဖြစ်ပေါ်နေတဲ့ ဈေးကွက်တစ်ခုဖြစ်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေရဲ့
သုံးသပ်ချက်တွေအရ သိရပါတယ်။
လက်ရှိဈေးကွက်မှာတော့
မြေကွက်နဲ့ လုံးချင်းအိမ်တွေထက် တိုက်ခန်းအရောင်းအဝယ်က ပိုမိုသွက်လက်နေပါတယ်။
လုံးချင်းအိမ်တစ်လုံး
ဝယ်ယူဖို့အတွက် အနည်းဆုံး ကျပ်သိန်း ၅,၀၀၀ ကနေ
၆,၀၀၀ ဝန်းကျင်အထိ လိုအပ်နိုင်ပေမယ့် တိုက်ခန်းတွေကိုတော့ ကျပ်သိန်း ၂,၀၀၀ ကနေ
၃,၀၀၀ ဝန်းကျင်နဲ့ ဝယ်ယူနိုင်တာကြောင့် ဝယ်ယူသူတွေအကြား ပိုမိုရေပန်းစားနေပါတယ်။
မြေကွက်ဈေးနှုန်းတွေအနေနဲ့
ရတနာလမ်းမပေါ်မှာရှိတဲ့
၆၀ ပေ × ၆၀ ပေဝန်းကျင် မြေကွက်တွေဟာ
ကျပ်သိန်းကြီးတစ်သိန်း အထိ
ခေါ်ဈေးရှိနေပြီး အဆိုပါဈေးနှုန်းနဲ့ အရောင်းအဝယ်ဖြစ်တဲ့ အခြေအနေတွေလည်း ရှိတယ်လို့ သိရပါတယ်။
ရပ်ကွက်အတွင်းလမ်းတွေမှာရှိတဲ့
၄၀ ပေ × ၆၀ ပေ မြေကွက်တွေကတော့
ကျပ်သိန်း ၃,၀၀၀ ကျော်ကနေ
၄,၀၀၀ ဝန်းကျင်အထိ ဈေးနှုန်းရှိနေပါတယ်။
တိုက်ခန်းဈေးကွက်မှာတော့
မေတ္တာလမ်းမပေါ်ရှိ တိုက်ခန်းတွေဟာ ကျပ်သိန်း ၃,၅၀၀ ကနေ
၅,၀၀၀ ကြား ခေါ်ဈေးရှိပြီး လမ်းသွယ်တွေအတွင်းရှိ တိုက်ခန်းတွေကတော့ ကျပ်သိန်း ၃,၀၀၀ ကျော်ကနေ
၄,၀၀၀ ဝန်းကျင်အထိ ဈေးနှုန်းရှိနေပါတယ်။
တောင်ဥက္ကလာပမြို့နယ်ဟာ
မြို့တွင်းနဲ့ အလွန်မဝေးတဲ့အပြင် သွားလာရေးအဆင်ပြေပြီး အချက်အချာကျတဲ့ တည်နေရာမှာ ရှိတာကြောင့် နေထိုင်ဖို့အပြင် ရင်းနှီးမြှုပ်နှံဖို့အတွက်ပါ
သင့်လျော်တဲ့ မြို့နယ်တစ်ခုဖြစ်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေက သုံးသပ်ထားပါတယ်။