Home  / News  / News Details

သတင်း အသေးစိတ်

အိမ်ခြံမြေဈေးနှုန်း ကျမည့်အနေအထားမရှိသေးဟုဆို

Mar 14, 2024  /

အိမ်ခြံမြေဈေးနှုန်း ကျမည့်အနေအထားမရှိသေးဟုဆို 

မတ်လ (၁၄)ရက်။

Myanmar Property Dealer 


ရန်ကုန်ရှိ အိမ်ခြံမြေဈေးနှုန်းက  ကျမည့်အနေအထားတွင်မရှိသေးကြောင်း သိရပြီး၊ပြီးခဲ့တဲ့ သုံးလပိုင်းကထက် လက်ရှိတွင် အိမ်ခြံမြေ ဝယ်ယူသူများရှိလာတယ်လို့အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းရှင်များထံမှ သိရပါတယ်။


" လွန်ခဲ့တဲ့ သုံးလလောက်ကထက်စာရင်တော့ ဒီလထဲအဝယ်ဆင်းပြီး အဝယ်လိုက်တဲ့လပါ။ ရွေဈေးတွေ တက်လာတာကြောင့်လည်း အိမ်ခြံမြေဘက်လှည့်ပြီး မြှုပ်နှံကြပုံလည်း ပေါ်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း အိမ်ခြံမြေကျသွားမယ့် အရိပ်အယောင်ပေါ်မနေပါဘူး”ဟု အိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ကိုင်နေသူတစ်ဦးကပြောပါတယ်။


ရန်ကုန်ရှိ အိမ်ခြံမြေဈေးနှုန်းများသည် ၂၀၂၂နှင့် ၂၀၂၃ ကာလများမှ စတင်၍ ယခင်မူရင်းဈေးများထက် နှစ်ဆခန့် ဈေးမြင့်တက်လာခြင်းလည်းဖြစ်ပါတယ်။


ဒါပေမယ့် ကြိုက်ရောင်း ကြိုက်ဝယ်သဘောမျိုးဖြင့် အရောင်းအဝယ်ပြုလုပ်နေရပြီး ဈေးအမြင့်တင်ထားတဲ့ အိမ်ခြံမြေတွေကတော့ အဝယ်မလိုက်ကြောင်းလည်း သိရပါတယ်။


လက်ရှိတွင် အရှေ့ဒဂုံ၊ တောင်ဒဂုံ ၊ မြောက်ဒဂုံ ရှိပေ ၄၀ ၊ ပေ ၆၀မြေကွက်တွေကကျပ်သိန်း ၅၀၀မှ သိန်း ၅,၀၀၀ အထိ ဈေးတက်နေပြီး တောင်ဥက္ကာ တိုက်ခန်း နှင့် ကွန်ဒိုများသည် ကျပ်သိန်း၁,၀၀၀ မှ သိန်း ၃,၀၀၀ အထိ ရှိနေတဲ့အပြင် ရန်ကုန်မြို့ထဲရှိ တိုက်ခန်းနှင့် ကွန်ဒို အငှားဈေးနှုန်းကလည်းကျပ် ၅၀၀,၀၀၀မှ သိန်း ၁,၀၀၀,၀၀၀ အထိ ရှိနေကြောင်း သိရပါတယ်။