ဆောက်လုပ်ရေးဝန်ကြီးဌာနမှကုမ္ပဏီများကန်ထရိုက်မှတ်ပုံတင်လက်မှတ်အသစ်
ပြောင်းလဲထုတ်ပေးမည်
ဧပြီလ(၃)ရက်။
Myanmar Property Dealer
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကုမ္ပဏီများကန်ထရိုက်မှတ်ပုံတင်ရေးလုပ်ငန်းကော်မတီ ကနေကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်လိုတဲ့ ကုမ္ပဏီများကို အရည်အသွေးပိုမိုကောင်းမွန်ပြီး
လုံခြုံစိတ်ချမှုရှိတဲ့ ‘’ကန်ထရိုက်မှတ်ပုံတင်ကတ်အသစ်များ’’ဧပြီလ(၁)ရက်နေ့မှစတင်ပြောင်းလဲထုတ်ပေးနေပြီဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ကုမ္ပဏီများကန်ထရိုက်မှတ်ပုံတင်ရေးလုပ်ငန်းကော်မတီမှသိရပါတယ်။
ကုမ္ပဏီကန်ထရိုက်မှတ်ပုံတင်လက်မှတ်များအသစ်လျှောက်ထားခြင်းအတွက် တစ်ကတ်လျှင်မှတ်ပုံတင်ကြေး ကျပ် ၁၀၀,၀၀၀/-(ကျပ်တစ်သိန်းတိတိ)၊ သက်တမ်းတိုးလျှောက်ထားခြင်းအတွက်တစ်ကတ်လျှင် မှတ်ပုံတင်ကြေး ကျပ် ၅၀,၀၀၀/-(ကျပ်ငါးသောင်းတိတိ) ကောက်ခံသွားမှာဖြစ်တယ်လို့လည်းသိရတာပါ။
ကန်ထရိုက်မှတ်ပုံတင်လက်မှတ်များ လျှောက်ထားလိုတဲ့ကုမ္ပဏီများအနေဖြင့်ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာနရဲ့ ဘဏ်အကောင့်၊အမည်၊အဆောက်အဦဦးစီးဌာန (ရုံးချုပ်)၊ Account Number - (MD-012940)၊ မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော် သို့မိမိဆောင်ရွက်မည့် မှတ်ပုံတင်ကြေး ငွေပေးသွင်းပြီး ငွေသွင်းချလံနှင့်အတူ လျှောက်ထားနိုင်ကြောင်းလည်းသိရပါတယ်။
#ကုမ္ပဏီများကန်ထရိုက်မှတ်ပုံတင်ရေးလုပ်ငန်းကော်မတီ
#ဆောက်လုပ်ရေးဝန်ကြီးဌာန
#ကုမ္ပဏီကန်ထရိုက်မှတ်ပုံတင်လက်မှတ်များအသစ်လျှောက်
#myanmarpropertydealer
#မြန်မာအိမ်ခြံမြေသတင်းအတွက်MPD
#yangon
#property #stayinformed