Home  / News  / News Details

သတင်း အသေးစိတ်

အိမ်ရာ (၄) ခုမှာ အခန်းဝယ်ယူခွင့်ရရှိသူ ၂၁၈ ဦးကို ယာယီနေထိုင်ခွင့်ထုတ်ပေးမည်

Nov 11, 2025  /

အိမ်ရာ (၄) ခုမှာ အခန်းဝယ်ယူခွင့်ရရှိသူ ၂၁၈ ဦးကို ယာယီနေထိုင်ခွင့်ထုတ်ပေးမည်

နိုဝင်ဘာ (၁၁)ရက်။

Myanmar Property Dealer

သီလဝါဥယျာဉ်အိမ်ရာ၊ ယုဇနအိမ်ရာအပိုင်း() ကျန်စစ်မင်းအိမ်ရာအပိုင်း()နှင့် ရိုးမရိပ်သာအိမ်ရာတို့ရှိ အခန်းများ ချေးငွေနဲ့ဝယ်ယူခွင့်ရရှိသူ ၂၁၈ ဦးကို ယာယီနေထိုင်ခွင့်ထုတ်ပေးသွားမှာဖြစ်တယ်လို့  မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရပါတယ်။

 အဆိုပါအခန်းများကို အိမ်ရာချေးငွေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအစီအစဉ်နဲ့ ဇွန်လ ၂၇ ရက်က ရောင်းချခဲ့ခြင်းဖြစ်ကာ ဝယ်ယူခွင့်ရရှိသူများက ချေးငွေနှင့်ပတ်သက်သောလုပ်ငန်းများကို CHID Bank မှာ ဆောင်ရွက် ခဲ့ပြီးဖြစ်တယ်လို့လည်းသိရပါတယ်။

ဒါကြောင့် ယာယီနေထိုင်ခွင့်အကြောင်းကြားစာများကို နိုဝင်ဘာလ ရက်မှ ၁၃ ရက်အထိ ရုံးချိန်အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (အမှတ်၂၂၈/၂၃၄၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဗိုလ်တထောင်မြို့နယ်)မှာ ဆောင်ရွက်ပေးလျက်ရှိပြီး ထုတ်ယူမဲ့သူများအနေနဲ့ ကိုယ်တိုင်ထုတ်ယူပါက မှတ်ပုံတင် မူရင်း/မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ ကိုယ်စားထုတ်ယူပါက ကိုယ်စားလှယ်လွှဲစာမူရင်း၊ ကာယကံရှင်နှင့် ကိုယ်စားလှယ်ရဲ့ မှတ်ပုံတင်မူရင်း/မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူတို့ကိုတင်ပြထုတ်ယူရမှာဖြစ်တယ်လို့ သိရပါတယ်။

 ဒါ့အပြင် အခန်းသော့ထုတ်ပေးခြင်းနှင့် အခန်းအပ်နှံခြင်းကို သီလဝါဥယျာဉ်အိမ်ရာ အခန်း ၅၆ ခန်းအတွက် နိုဝင်ဘာလ ၁၇ ရက်၊ ယုဇနအိမ်ရာအပိုင်း() အခန်း ၃၄ ခန်းအတွက် နိုဝင်ဘာလ ၁၈ ရက်၊ ကျန်စစ်မင်းအိမ်ရာ အပိုင်း ()  အခန်း ၅၀ အတွက် နိုဝင်ဘာလ ၁၉ ရက်၊ ရိုးမရိပ်သာအိမ်ရာ အခန်း ၇၈ ခန်းအတွက် နိုဝင်ဘာလ ၂၀ ရက်တို့မှာ ထုတ်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

 အဆိုပါအခန်းများကို ဝယ်ယူခွင့်ရရှိသူများအနေဖြင့် သက်ဆိုင်ရာ အိမ်ရာများအတွင်း ယာယီနေထိုင်ခွင့် အကြောင်းကြားစာမူရင်းနှင့်အတူ လာရောက်လက်ခံရမှာ ဖြစ်တယ်လို့လည်းသိရပါတယ်။