KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံ ဖြိုချဖျက်ဆီးရန်
၁၅၇လုံးသာကျန်ရှိ
ဒီဇင်ဘာ
( ၁၉)ရက်။
Myanmar Property Dealer
မြဝတီ-မဲထော်သလေး (KK Park) နယ်မြေအတွင်းမှာရှိ တဲ့ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်ရာတွင်
အသုံးပြုခဲ့တဲ့ အဆောက်အအုံဖြိုချဖျက် ဆီးရန် ၁၅၇ လုံးသာကျန်ရှိတော့တယ်လို့သိရပါတယ်။
မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ
အများဆုံးအခြေချလုပ်ကိုင် လျက်ရှိတဲ့ ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park
နယ်မြေများရှိ တရားမဝင်အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊
အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့တဲ့
သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင်အဆောက်အအုံများအား
စနစ်တကျဖြိုချဖျက်ဆီးခြင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့်
ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဖြင့်
ဆောင်ရွက်လျက်ရှိနေတာဖြစ်ပါတယ်။
ဒါ့အပြင် ဒီဇင်ဘာ
၈ ရက်မှ စတင်ပြီး ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် ပတ်ဝန်းကျင်ဒေသတစ်ဝိုက်ရှိ အဆောက်အအုံများကို
ရှာဖွေရှင်းလင်းဆောင်ရွက်ခဲ့ရာ တရားမဝင် ၄ ထပ်အဆောက်အအုံ ၂ လုံး၊ ၃ ထပ်အဆောက်အအုံ ၃
လုံး၊ ၂ ထပ်အဆောက်အအုံ ၅ လုံးနှင့် ၁ ထပ်အဆောက်အအုံ ၇ လုံး၊ စုစုပေါင်းတရားမဝင်အဆောက်အအုံ
၁၇ လုံးကို ထပ်မံစစ်ဆေးနိုင်ခဲ့တယ်လို့လည်းသိရပါတယ်။
လက်ရှိ တွင် KK Park နယ်မြေအတွင်း တရားမဝင်အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံးအနက် ၄၇၈ လုံးကို စနစ်တကျဖြိုချဖျက်ဆီးခဲ့တာလည်းဖြစ်ပါတယ်။