Home  / News  / News Details

သတင်း အသေးစိတ်

ဘိလပ်မြေထုတ်လုပ်ခြင်းလုပ်ငန်း အပါအဝင် ကဏ္ဍအစုံ၌ လာရောက်ရင်းနှီးမြှုပ်နှံရန် မိတ်ဖက်စီးပွား ရေးလုပ်ငန်းရှင်များ ဖိတ်ခေါ်

Nov 13, 2024  /

ဘိလပ်မြေထုတ်လုပ်ခြင်းလုပ်ငန်း အပါအဝင် ကဏ္ဍအစုံ၌ လာရောက်ရင်းနှီးမြှုပ်နှံရန် မိတ်ဖက်စီးပွား ရေးလုပ်ငန်းရှင်များ ဖိတ်ခေါ်

နိုဝင်ဘာလ (၁၄)ရက်။

Myanmar  Property  Dealer

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၊ HUALUXE Kunming Hotel ကျင်းပပြုလုပ်ခဲ့တဲ့ တရုတ်-မြန်မာရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် နစက ဥက္ကဌမှ ဘိလပ်မြေထုတ် လုပ်ခြင်းလုပ်ငန်းများ အပါအဝင် ကဏ္ဍအစုံ၌ လာရောက်ရင်းနှီးမြှုပ်နှံရန် မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်များကို ဖိတ်ခေါ်လိုက်တာဖြစ်ပါတယ်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေခံအဆောက်အဦများ တည်ဆောက်ရာတွင် လိုအပ်တဲ့ ဘိလပ်မြေများကို ပြည်တွင်းတွင် လုံလောက်အောင် မထုတ်လုပ်နိုင်သေးတဲ့အတွက် ဘိလပ်မြေထုတ်လုပ်ရေးကဏ္ဍကလည်း အခွင့်အလမ်းများစွာရှိနေပြီး၊ မြန်မာနိုင်ငံတွင် ဘိလပ်မြေထုတ်လုပ်ရန် အခြေခံကုန်ကြမ်းများဖြစ်တဲ့  ထုံးကျောက်၊ ဂျစ်ပဆန်နှင့် ဂေါ်ဒန်ကျောက်များ ပေါကြွယ်ဝ ‘’တယ်လို့လည်း နစကဥက္ကဌ ကပြောတာဖြစ်ပါတယ်။

 

ဒါ့အပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့်လည်း  ဓာတ်မြေဩဇာထုတ်လုပ်ခြင်း၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးလျှပ်စစ်သုံးယာဉ် ထုတ်လုပ်ခြင်း၊ ဘိလပ်မြေထုတ်လုပ်ခြင်း၊ သံမဏိထုတ်လုပ်ခြင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးတန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်း၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများ ထုတ်လုပ်ခြင်းနှင့် စားသုံးဆီထုတ်လုပ်ခြင်းစတဲ့ ကဏ္ဍများတွင် မိမိတို့၏ မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်များ လာရောက်လုပ်ကိုင်ပါက ဦးစားပေးပြီး ဝန်ဆောင်မှုများ အထူးပံ့ပိုး ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။

လက်ရှိ ပြည်တွင်းတွင် ပုဂ္ဂလိကပိုင်ဘိလပ်မြေစက်ရုံ (၁၆) ရုံ ၊နိုင်ငံပိုင်ဘိ လပ်မြေစက်ရုံ ()ရုံရှိပြီး ပြည်တွင်း အသုံးပြုနေတဲ့ဘိလပ်မြေတန်ချိန် တစ်နှစ်လျှင် (၁ဝ) သန်းနှင့် (၁၁)သန်းကြားရှိကြောင်းသိရပါတယ်။