တိုင်းရင်းသားကျေးရွာ(ရန်ကုန်)ထဲတွင်Shopping Centerနှင့်အခြားအဆောက်အအုံများ တည်ဆောက်ရန်မြေ၊အဆောက်အအုံငှားရမ်းရန်စီစဉ်နေ
စက်တင်ဘာ (၁၂)
Myanmar Property Dealer
ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ထဲမှာရိုးရာအစားသောက်ရောင်းချဖို့နဲ့Shopping Center၊ အားကစား ကွင်းအပါအဝင် ဖျော်ဖြေမှုနှင့် အပန်းဖြေဥယျာဉ်အဆောက်အအုံတွေတည်ဆောက်ဖို့ လုပ်ငန်းလိုအပ်မယ့် မြေ၊အဆောက်အအုံငှားရမ်းရန်စီစဉ်နေတယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ဖော်ပြထားပါတယ်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှု၊ တိုင်းရင်းသားရိုးရာအစားအသောက်များ ရောင်းချရန်၊ ဖျော်ဖြေမှုနှင့် အပန်းဖြေဥယျာဉ်အဆောက်အအုံများ တည်ဆောက်ရန်၊ အားကစားကွင်းများ တည်ဆောက်ရန်၊ Shopping Center များ၊ နားနေဆောင်များ တည်ဆောက်ရန်နှင့် သီးခြားဆောင်ရွက်လိုသော လုပ်ငန်းများအတွက် မြေ/ ငှားရမ်းခြင်း ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာအတွင်း သင့်လျော်မည့် မြေဧရိယာကို ယနေ့နံနက်ပိုင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညိုသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
အဲဒီ့လိုသွားရောက်စဉ် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) အစည်းအဝေးခန်းမမှာ ပြည်ထောင်စုတိုင်းရင်း သားကျေးရွာ (ရန်ကုန်) တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း စိတ်ဝင်စားမှုလျှောက်လွှာခေါ်ယူခြင်း (Expression of Interest - EOI) နှင့် စပ်လျဉ်း၍ တိုင်းရင်းသားလုပ်ငန်းရှင်များ၊ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။