Home  / News  / News Details

သတင်း အသေးစိတ်

ဗလာဒီမာပူတင် ရဲ့သတင်းပေါက်ကြားသွားတဲ့စံအိမ်ကြီး

Sep 27, 2022  /

ဗလာဒီမာပူတင် ရဲ့သတင်းပေါက်ကြားသွားတဲ့စံအိမ်ကြီး
Myanmar Property Dealer
ရုရှားသမ္မတ ဘလာဒီမာပူတင်နာမည်ခံနဲ့ ပိုင်ဆိုင်မှုများစွာရှိပေမယ့်လည်းသူရဲ့ "လျို့ဝှက်နန်းတော်အိမ်ကြီး" ကတော့ လူသိနည်းလှပါတယ်။ ရုရှားအတိုက်အခံခေါင်းဆောင် Alexei Navalny ၏ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဖောင်ဒေးရှင်းကနန်းတော်ကို ပူတင်က ၎င်းရဲ့ကိုယ်ပိုင်အိမ်အဖြစ် အသုံးပြုတယ်ဆိုပြီးပိုင်ဆိုင်မှုနဲ့ ပတ်သက်တဲ့ မှတ်တမ်းရုပ်ရှင်ကိုတော့ ရုရှားသမ္မတက ငြင်းဆိုခဲ့ပြီးနောက် အခုလိုမျိုး ထွက်ပေါ် လာတာဖြစ်ပါတယ်။
သာမန်ဆို ဓာတ်ပုံရိုက်ကူးဖို့ မလွယ်ကူပေမယ့်လည်း အင်တာနက်ပေါ်ပြန့်နှံ့သွားခဲ့တဲ့ လျှို့ဝှက်ရိုက်ကူးထားတဲ့ ဗွီဒီယိုကြောင့် သတင်းခိုင်ခိုင်မာမာထွက်လာခဲ့တာဖြစ်ပါတယ်။
ဒီအိမ်ကြီးက ပင်လယ်သေအနားရှိ ဂျလန်ဇစ်ကမ်းရိုးတန်းမြို့အနီးတွင်တည်ရှိပြီး ကိုယ်ပိုင်လွတ်လပ်ခွင့်နိုင်ငံ တောင်းဆိုခဲ့တဲ့ မိုနာကိုနိုင်ငံရဲ့အကျယ်အဝန်းထက် ၃၉ဆ (ဧကပေါင်း ၁၉,၄၆၁)တောင် ကျယ်ဝန်းပါတယ်။ ကြီးမားတဲ့ စံအိမ်ကြီးတစ်ခုသာမကပဲ စပျစ်ခြံဥယျာဉ်၊ ရဟတ်ယာဉ်များ၊ တော်ဝင်အတွင်းခန်းတွေအပြင် စတုရန်းပေ ၂၇၀၀၀ ကျယ်ဝန်းတဲ့ ဧည့်သည်ရိပ်သာအခန်းကို ဆက်သွယ်ထားတဲ့ ၂၆၀ ပေ ရှည်လျားတဲ့ တံတားတစ်စင်းပါ ပါဝင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပွဲကြည့်စင်တစ်ခု၊ ဖန်လုံအိမ်ဧရိယာနဲ့ နန်းတော်ကြီးအတွင်းမှာ ဘိုင်ဇန်တိုင်းစတိုင် မှုတ်သွင်းထားသော ဘုရားကျောင်းတစ်ခုအပြင် ကိုယ်ပိုင်ကာစီနို၊ ဘုရားကျောင်း၊ ရဟက်ယာဉ်ကွင်း၊ သီရေတာခန်းမတို့အပြင် အခြားဖျော်ဖြေရေးနေရာတွေ အများကြီးပါရှိပါတယ်။
လွန်ခဲ့တဲ့နှစ်အနည်းငယ်ခန့်ကတည်းက ရုရှား-ယူကရိန်းစစ်ပွဲအပါအဝင် ကိစ္စတော်တော်များများကို သမ္မတပူတင် က ကြိုတင်စီစဉ်ညွှန်ကြားခဲ့တာဖြစ်ပြီး အဲ့ဒီအထဲမှာ သူ့ရဲ့ ယခု လျို့ဝှက်အိမ်တော်ကြီး ကို ပင်လယ်သေ ကမ်းစပ်နားမှာ တည်ဆောက်ဖို့ညွှန်ကြားခဲ့တာလည်း ဖြစ်ပါတယ်။
ဗီဒီယိုဖြင့်ဖော်ထုတ်သူ နာဘယ်နီနဲ့ အဖွဲ့ရဲ့ ဖော်ထုတ်ချက်အရ သူရဲ့ကိုယ်ပိုင် ဘုရားကျောင်းကို အလျှို့ဝှက်ဆုံးနဲ့ လုံခြုံရေးအတင်းကျပ်ဆုံးအဖြစ် တည်ဆောက်ထားပြီး ထိုလျှို့ဝှက်အိမ်တော်ကြီးရဲ့ နယ်နိမိတ်အတွင်း မည့်သည့် လေယာဉ်မှ ဖြတ်သန်းမောင်းနှင်ခွင့်မရှိတဲ့ "NO FLY ZONE" အဖြစ်လည်း ထားရှိထားပါတယ်။