မန္တလေးတွင် အိမ်ငှားခများ ဈေးနှစ်ဆမြင့်တက်နေဟုဆို
ဇူလိုင်(၂၂)ရက်။
Myanmar Property Dealer
မန္တလေးတိုင်းဒေသကြီးအတွင်းသို့ စစ်ဘေးရှောင်လာသူဦးရေများပြားလာတာကြောင့် အိမ်ငှားခဈေးတွေကလည်း ယခင်ထက်ဈေးနှစ်ဆမြင့်တက်လာတယ်လို့ အိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ကိုင်သူများရဲ့ ပြောပြချက်အရ သိရပါတယ်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင်တိုက်ပွဲများပြင်းထန်နေတဲ့အတွက် ဒေသခံများကမန္တလေးနှင့် တောင်ကြီးဘက်ခြမ်းနေရာများကို စစ်ဘေးရှောင်မှုများရှိလာတယ်လို့သိရပါတယ်။
ဒီလိုစစ်ဘေးရှောင်များ များပြားလာတာနဲ့အမျှ မန္တလေးအိမ်ခြံမြေဈေးကွက်အတွင်း အငှားဈေးကွက်ပိုဖြစ်နေပြီး ဈေးနှုန်းတွေကလည်း အဆမတန်မြင့်တက်လာတယ်လို့ သိရပါတယ်။
" အိမ်ငှားခတွေကအရင်ထက် နှစ်ဆလောက်မြင့်တက်လာတယ်။ တချို့ကျတော့ ဘုန်းကြီးကျောင်းမှာနေကြတယ်။ တိုက်ခန်းတွေငှားတယ့်သူတွေလည်းများလာတယ်။ တချို့ဆို ဈေးတွေကိုမြှင့်လိုက်တာ။ ငှားတယ့်သူများလို့ ဈေးကတတ်လာတာ"ဟု မန္တလေးရှိအိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ကိုင်သူတစ်ဦးကပြောပါတယ်။
အလားတူ တိုက်ပွဲရှောင်သူများပြားလာခြင်းကြောင့် ရန်ကုန်တွင်လည်း တိုက်ခန်းငှားခများ ဆက်တိုက်မြင့်တက်လာပြီးတခြားဒေသများတွင် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ရန်ကုန်၊မန္တလေးနှင့် တောင်ကြီးသို့ရွှေ့ပြောင်းလာသူများပြားလာပြီးအဝယ်ထက် အငှားဈေးကွက်ပိုဖြစ်နေတယ်လို့သိရပါတယ်။
လက်ရှိတွင် ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မြန်မာပြည်အလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများတွင် ဖြစ်ပေါ်နေတဲ့တိုက်ပွဲများကြောင့် ရန်ကုန်မြို့သို့ တိမ်းရှောင်လာသူများရှိနေတဲ့အတွက် တိုက်ခန်းအငှားစျေးကွက် ကိုရိုက်ခတ်လာတာဖြစ်တယ်လို့လည်းတိုက်ခန်းဝယ်/ ငှားအကျိုးဆောင်လုပ်နေသူ တချို့ကပြောပါတယ်။ (သဲသဲ)