Home  / News  / News Details

သတင်း အသေးစိတ်

AI နည်းပညာနဲ့အတူ အနာဂတ်ခရီးသွားလောကရဲ့တံခါးတချပ်ကိုဖွင့်လှစ်ပေးခဲ့တဲ့ ဒူဘိုင်းလေဆိပ်

Aug 31, 2025  /

AI နည်းပညာနဲ့အတူ အနာဂတ်ခရီးသွားလောကရဲ့တံခါးတချပ်ကိုဖွင့်လှစ်ပေးခဲ့တဲ့ ဒူဘိုင်းလေဆိပ်

Myanmar Property Dealer

 

ကမ္ဘာ့အလုပ်အများဆုံးလေဆိပ်တခုဖြစ်တဲ့ ဒူဘိုင်းလေဆိပ်ဟာ  AI နည်းပညာ သုံးထားတဲ့ ကမ္ဘာ့ပထမဆုံး လေဆိပ် အဖြစ် မှတ်တမ်းတင်သွားဘဲဖြစ်ပါတယ်။ တနှစ်လျှင်ခရီးသွားဦးရေ သန်း ၉၀ ကျော်နဲ့တစ်ရက်လျှင်ခရီးသည်၂သိန်းခွဲခန့်ဝန်ဆောင်မှုပေးနေတဲ့ဒီလေဆိပ်ဟာဆိုရင် အချိန်ကုန်လူပင်ပန်းသက်သာစေမဲ့ Ai စစ်ဆေးရေးကောင်တာ နည်းပညာကိုစတင်မိတ်ဆက်လာခဲ့တာဘဲဖြစ်ပါတယ်။

ခရီးသည်တွေအနေနဲ့ ဘယ်လိုစာရွက်စာတမ်းမှ မပြဘဲ passport စစ်ဆေးရေးကောင်တာကို လမ်းလျှောက်သွားရုံနဲ့ စက္ကန့်ပိုင်းအတွင်း အလွယ်တကူ ဖြတ်ကျော်နိုင်တော့မှာဖြစ်ပါတယ်။

 

AI နည်းပညာနဲ့ စီမံထားတဲ့ ဒီအံ့မခန်းစင်္ကြံဟာ ခရီးသည် ၁၀ ဦးအထိ တစ်ပြိုင်နက်တည်း စစ်ဆေးနိုင်မှာဖြစ်ပြီး လမ်းကြောင်းအတိုင်း လျှောက်သွားနေချိန်မှာပဲ မျက်နှာနဲ့ biometric အချက်အလက်တွေကို စစ်ဆေးတဲ့စနစ်က ခရီးသည်တွေ မည်သူမည်ဝါဖြစ်ကြောင်းကို ချက်ချင်း အတည်ပြုပေးတာဘဲဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်တစ်ခုလုံးဟာ ၁၄ စက္ကန့်လောက်ပဲ ကြာမြင့်ပြီး ခရီးသည်တွေအနေနဲ့ အရင်လို passport ကောင်တာတွေ၊ smart gate တွေ ဒါမှမဟုတ် လူနဲ့စစ်ဆေးမှုတွေအတွက် တန်းစီစောင့်ဆိုင်းနေစရာမလိုတော့တာဘဲဖြစ်ပါတယ်။

 

ဒီနည်းပညာသစ်ဟာ ၂၀၂၀ ခုနှစ်က စတင်ခဲ့တဲ့ "smart tunnel" စနစ်ကို အဆင့်မြှင့်တင်ထားတာဖြစ်ပြီး "Travel Without Borders" နဲ့ "Unlimited Smart Travel" စတဲ့ ဒူဘိုင်း ရဲ့  စီမံကိန်းတွေရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ ဒါကြောင့် အနာဂတ်မှာ သမားရိုးကျနည်းလမ်းဖြင့် passport တွေကို စစ်ဆေးစရာ မလိုတော့ဘဲ AIနည်းပညာနဲ့အတူအနာဂတ်ခရီးသွားလောကရဲ့တံခါးတချပ်ကိုဖွင့်လစ်နိုင်တော့မှာဘဲဖြစ်ပါတယ်။