Home  / News  / News Details

သတင်း အသေးစိတ်

မြန်မာ-ထိုင်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏ ၂၀၂၂ ခုနှစ်မှ ယခုနှစ် ဇွန်လအထိ အမေရိကန်ဒေါ်လာ ၂၀.၇၅၈ ဘီလီယံရှိ

Aug 7, 2026  /

မြန်မာ-ထိုင်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏ ၂၀၂၂ ခုနှစ်မှ ယခုနှစ် ဇွန်လအထိ အမေရိကန်ဒေါ်လာ ၂၀.၇၅၈ ဘီလီယံရှိ

ဩဂုတ် (၇)


 မြန်မာ-ထိုင်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် ၂၀၂၂ ခုနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဇွန်လအထိ အမေရိကန်ဒေါ်လာ ၂၀.၇၅၈ ဘီလီယံရှိခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က "မြန်မာ-ထိုင်း စီးပွားရေးဖိုရမ်" သို့ တက်ရောက်မိန့်ခွန်းပြောကြားရာတွင် "၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း မြန်မာ-ထိုင်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ဘီလီယံကျော်ရှိခဲ့ပြီး၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဇွန်လအထိတွင်လည်း အမေရိကန်ဒေါ်လာ ဘီလီယံကျော်ရှိခဲ့သည်။ ၂၀၂၂ ခုနှစ်မှ ယခုနှစ် ဇွန်လအထိ နှစ်နိုင်ငံကုန်သွယ်မှုပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၀.၇၅၈ ဘီလီယံရှိခဲ့ပြီး ယင်းကုန်သွယ်မှုပုံစံသည် နှစ်နိုင်ငံစီးပွားရေးကို အထောက်အကူပြုရုံသာမက ဒေသတွင်းတန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နေကြောင်း" ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတက မြန်မာနှင့် ထိုင်းနိုင်ငံတို့သည် မိုင် ,၄၀၀ ကျော်ရှည်လျားသည့် နယ်နိမိတ်ကို မျှဝေထားပြီး မြဝတီ-မဲဆောက်၊ တာချီလိတ်-မယ်ဆိုင် စသည့် နယ်စပ်ဂိတ်များသည် နှစ်နိုင်ငံကုန်သွယ်ရေးနှင့် စီးပွားရေးစီးဆင်းမှု၏ အဓိကအသက်သွေးကြောများဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် တရားမဝင်နယ်စပ်ဂိတ်များနှင့် တရားမဝင်ကုန်သွယ်မှုများကို နှစ်နိုင်ငံပူးပေါင်းတိုက်ဖျက်ရန် လိုအပ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှုကြောင့် နှစ်နိုင်ငံ၏ နိုင်ငံတော်ဘဏ္ဍာငွေ ဆုံးရှုံးရသည့်အပြင် အရည်အသွေးမမီသည့် စားသောက်ကုန်နှင့် ဆေးဝါးများ ဈေးကွက်အတွင်း ဝင်ရောက်လာနိုင်သဖြင့် ဒေသခံများနှင့် စီးပွားရေးလုပ်ငန်းရှင်များက ပူးပေါင်းကူညီဆောင်ရွက်ပေးရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။

လက်ရှိတွင် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ ပဉ္စမမြောက် ရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံဖြစ်ပြီး အမေရိကန်ဒေါ်လာ ,၆၀၅.၄၈၄ သန်းတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၀၃ ခုကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုများကို စွမ်းအင်၊ ကုန်ထုတ်လုပ်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ သတ္တုတူးဖော်ရေး၊ လျှပ်စစ်ဓာတ်အား၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ဆောက်လုပ်ရေး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ စက်မှုဇုန်နှင့် ဝန်ဆောင်မှုကဏ္ဍများတွင် အဓိကထား ဆောင်ရွက်လျက်ရှိကြောင်းလည်း ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံသည် အရှေ့အာရှ၊ အရှေ့တောင်အာရှနှင့် တောင်အာရှတို့ကို ချိတ်ဆက်ပေးသည့် ကုန်းမြေပေါင်းကူးတံတား (Land Bridge) အဖြစ် မဟာဗျူဟာကျသည့် ပထဝီဝင်အနေအထားကို ပိုင်ဆိုင်ထားကြောင်း၊ သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ် အထူးစီးပွားရေးဇုန်များ၊ ရေနက်ဆိပ်ကမ်းစီမံကိန်းများ၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၊ ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းနှင့် မြန်မာ-ထိုင်း-အိန္ဒိယ သုံးနိုင်ငံအဝေးပြေးလမ်းမကြီးတို့က ဒေသတွင်းနှင့် နိုင်ငံတကာကုန်သွယ်ရေးတွင် မြန်မာနိုင်ငံ၏ အခန်းကဏ္ဍကို ပိုမိုမြှင့်တင်ပေးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။