Home  / News  / News Details

သတင်း အသေးစိတ်

Smart Lamp Post နည်းပညာနဲ့ မြို့ပြလူနေမှုခြေလှမ်းသစ်ကိုစတင်လိုက်တဲ့ စင်ကာပူနိုင်ငံ

Oct 13, 2025  /

Smart Lamp Post နည်းပညာနဲ့ မြို့ပြလူနေမှုခြေလှမ်းသစ်ကိုစတင်လိုက်တဲ့ စင်ကာပူနိုင်ငံ

အောက်တိုဘာ (၁၃)ရက်၊

Myanmar Property Dealer

 

 

စင်္ကာပူနိုင်ငံဟာ မြို့ပြအဆောက်အဦဖွံဖြိုးရေးကဏ္ဉမှာ ခေတ်မီနည်းပညာတွေနဲ့အတူ ရှေ့ဆောင်လမ်းပြအဖြစ်ရပ်တည်လာတာ ၁၀ စုနှစ်တစုကျော်ကြာြမင့်ခဲ့ပြီပဲဖြစ်ပါတယ်။ စည်းစနစ်ကျမှုနှင့်နာမည်ကြီး တဲ့စင်ကာပူနိုင်ငံဟာဆိုရင် မြို့ပြလူနေမှုအဆင့်အတန်းကိုတဆင့်မြှင့်တင်ပေးမဲ့ Smart Lamp Post နည်းပညာကို စတင်မိတ်ဆက်လာခဲ့ပြီဘဲဖြစ်ပါတယ်။ 

 

ဒီနည်းပညာဟာဆိုရင်ယခင်ကနေရာတစ်နေရာစီထားရတဲ့ Wifi, CCTV Camera, လေထုအရည်အသွေး အာရုံခံကိရိယာ နဲ့ အရေးပေါ်အကူအညီတောင်းဆိုတဲ့ခလုတ်တွေကို လမ်းမီးတိုင်တခုထဲမှာဘဲအကုန်ပေါင်းစပ်ပြီး တပ်ဆင်ပေးထားတဲ့နည်းပညာပဲဖြစ်ပါတယ်။ ဒီဘက်စုံသုံး မီးတိုင်တွေဟာ မြို့ပြဧရိယာထဲမှာနေရာယူတာကို သက်သာစေရုံသာမက ဘဲပြုပြင်ထိန်းသိမ်းမှုကုန်ကျစရိတ်ကိုပါလျှော့ချပေးနိုင်တာဘဲဖြစ်ပါတယ်။

 လေထုအရည်အသွေး အာရုံခံကိရိယာတွေကလေထုညစ်ညမ်းမှုအဆင့်ကိုအချိန်နဲ့တပြေးညီ အချက်အလက်တွေစုဆောင်းပေးတာကြောင့်မြို့တော်အရာရှိတွေအနေနဲ့မြူခိုးတွေ၊ယာဉ်ကြောပိတ်ဆို့မှုကထွက်လာတဲ့အငွေ့တွေနဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို ပိုမိုထိရောက်စွာ တုံ့ပြန်ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

 

တစ်ချိန်တည်းမှာပဲ တပ်ဆင်ထားတဲ့ ဝိုင်ဖိုင်ကလည်း ဒေသခံတွေနဲ့ ခရီးသွားဧည့်သည်တွေကို ပိုမိုမြန်ဆန်တဲ့အင်တာနက်ချိတ်ဆက်မှု ရရှိစေပြီး အရေးပေါ်အကူအညီတောင်းခံနိုင်တဲ့ ခလုတ်တွေက ဆေးဘက်ဆိုင်ရာ အရေးပေါ်အခြေအနေတွေ ဒါမှမဟုတ် ရာဇဝတ်မှုတွေကို သတင်းပို့တာတွေအတွက် ချက်ချင်းအကူအညီရရှိစေမှာပဲဖြစ်ပါတယ်။

 

ဒီစမတ်မီးတိုင်စနစ်ဟာ သာမန်လမ်းမီးတိုင်တွေကို အများပြည်သူဘေးကင်းရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေးနဲ့ဒစ်ဂျစ်တယ်ချိတ်ဆက်မှုအတွက်အစွမ်းထက်တဲ့ပလက်ဖောင်းတစ်ခုအဖြစ် ပြောင်းလဲပေးတော့မှာဖြစ်ပြီးစင်ကာပူနိုင်ငံရဲ့မြို့ပြလူနေမှုအဆင့်အတန်းကိုတဆင့်မြှင့်တင်ပေးမဲ့အနာဂတ်ခြေလှမ်းတခုဘဲဖြစ်ပါတယ်။