Home  / News  / News Details

သတင်း အသေးစိတ်

အိမ်ခြံမြေ ဈေးနှုန်းများ ၅၀ ရာခိုင်နှုန်းအထိ ပြန်လည်မြင့်တက်နေ

Feb 10, 2024  /

အိမ်ခြံမြေ ဈေးနှုန်းများ ၅၀ ရာခိုင်နှုန်းအထိ ပြန်လည်မြင့်တက်နေ

 ဖေဖော်ဝါရီ (၁၀) ရက်

Myanmar Property Dealer

 မြန်မာနိုင်ငံရှိ အိမ်ခြံမြေ ဈေးကွက်ဟာ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး တို့မှာ ပိုမို အရောင်းအဝယ် ဖြစ်နေပြီး ဈေးနှုန်းအနေနဲ့ ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

လက်ရှိတွင် ရန်ကုန်၊ နေပြည်တော်၊ မန္တလေး စတဲ့ မြို့ကြီးများမှာ အိမ်ခြံမြေ ဝယ်ယူမှု များပြားလျက်ရှိပြီး ဈေးနှုန်းများလည်း မြင့်တက်နေတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်လုပ်ကိုင်နေသူများထံမှ သိရပါတယ်။

 ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အိမ်ခြံမြေ ဈေးကွက်မှာလည်း တိုက်ခန်း၊ ကွန်ဒိုများထက် မြေကွက်များကို ပိုမိုဝယ်ယူလာခဲ့တယ်လို့ အိမ်ခြံမြေ လုပ်ငန်း လုပ်ကိုင်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။မြန်မာ့အိမ်ခြံမြေ ဈေးကွက်ကမြေကွက်များကို ဝယ်ယူမှုပိုမိုများကြောင်း၊ တိုက်ခန်းများကို ဝယ်ယူမှု နည်းပါး ကြောင်း၊ တိုက်ခန်း ဝယ်ယူမှု နည်းပါးခြင်းက ဒေါ်လာဈေးနှုန်း အပြောင်းအလဲနှင့် ဈေးနှုန်း ကွာဟချက်များကြောင့် ဖြစ်တယ်လို့လည်း ၎င်းကရှင်းပြထားပါတယ်။

မြန်မာ့ အိမ်ခြံမြေ ဈေးနှုန်းမှာ ပြည်တွင်း ဒေါ်လာဈေးနှုန်း အပြောင်းအလဲနှင့် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှု၊ ငွေကြေး ဖောင်းပွမှုများ အပေါ်တွင် သက်ရောက်မှုရှိတယ်လို့ ဆိုပါတယ်။