Home  / News  / News Details

သတင်း အသေးစိတ်

ရန်ကုန်-ဒလ မြစ်ကူးတံတားလုပ်ငန်းခွင်မှ အရေးကြီးအစိတ်အပိုင်းတစ်ခုအချိန်မီမရောက်ရှိပါက၂၀၂၄ မပြီးနိုင်ကြောင်းသိရှိရ။

May 25, 2024  /

ရန်ကုန်-ဒလ မြစ်ကူးတံတားလုပ်ငန်းခွင်မှ အရေးကြီးအစိတ်အပိုင်းတစ်ခုအချိန်မီမရောက်ရှိပါက၂၀၂၄ မပြီးနိုင်ကြောင်းသိရှိရ။

မေလ (၂၅)ရက်။

Myanmar Property Dealer

ယခုနှစ် ၂၀၂၄ မှာအပြီးသတ်ပြီးစီးရန် မျှော်မှန်းထားတဲ့ ရန်ကုန်-ဒလမြစ်ကူးတံတားစီမံကိန်းကြီးအနေဖြင့် အရေးကြီးအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ အလယ်သံဘောင် အချိန်မီမရောက်ရှိပါက လာမယ့်၂၀၂၅ ရောက်မှသာ ပြီးစီးနိုင်တော့မှာဖြစ်တယ်လို့သိရပါတယ်။

တောင်ကိုရီးယားနိုင်ငံရဲ့ ကူညီထောက်ပံ့ငွေဖြင့် ၂၀၁၉ ခုနှစ်ကတည်းက စတင်တည်ဆောက်ခဲ့တဲ့ ရန်ကုန်-ဒလမြစ်ကူးတံတားကြီးမှာလက်ရှိတွင် ရန်ကုန်၊ဒလဘက်ခြမ်းရှိ တံတားချဉ်းကပ်လမ်းများ၊ မြစ်လယ်အထိ ချိတ်ဆက်ပေးမယ့် သံမဏိကြိုးဆိုင်းများမှာ အဆင့်သင့်ဖြစ်နေပြီးအရေးကြီးအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ အလယ်သံဘောင်ရောက်ရှိလာပါကယခုနှစ်အတွင်းအချိန်မီပြီးစီးနိုင်မှာဖြစ်သလို၊မရောက်ရှိလာပါ လာမယ့်၂၀၂၅ ခုနှစ်မှသာပြီးစီးနိုင်တော့မှာဖြစ်တယ်လို့လည်းသိရပါတယ်။

အဆိုပါတံတားကြီးအတွက်အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့အလယ်သံဘောင်တည်ဆောက်ခြင်းလုပ်ငန်းကိုတောင်ကိုရီးယားနိုင်ငံမှ တရုတ်နိုင်ငံကို ကန်ထရိုက်ပေးစေခိုင်းတာဖြစ်ပြီး၊ယခုအခါ တရုတ်နိုင်ငံမှလည်းသံဘောင်တည်ဆောက်ခြင်းလုပ်ငန်းပြီးစီးနေပြီးသယ်ယူပို့ဆောင်ရေးအခက်အခဲကြောင့်သာကြန့်ကြာနေရတယ်လို့လည်းသိရှိရပါတယ်။

မြန်မာ-ကိုရီးယား  ချစ်ကြည်ရေး (ဒလ) တံတား တည်ဆောက် ပြီးစီးပါက ရန်ကုန်မြို့တွင်  တွေ့ကြုံနေရတဲ့   ယာဉ်ကြော ပိတ်ဆို့မှုလျော့နည်းသက်သာစေမှာဖြစ်ပြီး ရန်ကုန်မြို့မှ   ဒလ၊    တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များသို့လည်းကောင်း၊ ဒေးဒရဲတံတား မှတစ်ဆင့် ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေးမြို့နှင့် ကမ်းခြေဒေသများအပါအဝင် ဧရာဝတီတိုင်းဒေသကြီးရှိ မြို့များသို့ လွယ်ကူလျင်မြန်စွာ သွားလာ နိုင်မှာဖြစ်ပါတယ်ဒါ့အပြင် ရန်ကုန်မြို့တော်ရဲ့  အထင်ကရပြယုဂ် (Land Mark) နိုင်ငံတကာအဆင့်မီတံတားတစ်စင်းဖြစ်လာမှာဖြစ်တယ်လို့လည်းသိရှိရပါတယ်။