အရှေ့အလည်ပိုင်းဒေသက ကမ္ဘာ့အဆင့်မီဘောလုံးကွင်း
အရှေ့အလည်ပိုင်းဒေသက
ကမ္ဘာ့အဆင့်မီဘောလုံးကွင်း
ဇန်နဝါရီ(၁၂)ရက်။
Myanmar
Property Dealer
2027 AFC အာရှဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် Saudi Arabia နိုင်ငံဟာဆိုရင်တော့ ကမ္ဘာ့အဆင့်မီဘောလုံးကွင်းပေါင်းများစွာနဲ့အတူအရှေ့အလည်ပိုင်းဒေသရဲ့ဘောလုံးအားကစားဗဟိုချက်အဖြစ်လူသိများကြပါတယ်။
ဒီလိုလှပတဲ့ဘောလုံးကွင်းပေါင်းများစွာထဲကမှ
နိုင်ငံရဲ့လက်ရှိအကြီးမားဆုံးဘောလုံးကွင်းတကွင်းဖြစ်တဲ့
King Fad International ဘောလုံးကွင်းဟာဆိုရင်တော့
2027 AFC ဖလားပွဲ မတိုင်မီမှာကြီးမားတဲ့ အပြောင်းအလဲ
တခုလုပ်သွားဖို့ရှိတယ်လို့သိရပါတယ်။
အဆောက်အဦအပြင်ဘက်မျက်နှာပြင်ဧရိယာအနေနဲ့
sqft 50000 အထိကျယ်ဝန်းတဲ့
ဒီအားကစားကွင်း ဟာဆိုရင်တော့
လက်ရှိမှာ ပွဲကြည့်ခုံ့ 58398 ခုံပါဝင်တာဘဲဖြစ်ပါတယ်။ ပြန်လည်ပြုပြင်မွန်းမံရေး လုပ်တဲ့အခါမှာတော့
အိုလံပစ်ကွင်းပတ်လမ်းကိုဖယ်ရှားပြီး
အောက်ခံပွဲကြည့်စင်အဖြစ်တိုးချဲ့ကာ
ပွဲကြည့်ခုံ 70200 ကျော်အထိပါဝင်တဲ့ကွင်းအဖြစ်
တည်ဆောက်သွားမှာဘဲဖြစ်ပါတယ်။
ဒါ့အပြင်အထက်အမိုးကို လည်း ကြာပွင့်သဏ္ဍန်
မွမ်းမံသွားမှာဖြစ်ပြီး အတွင်းဘက်အမိုးရဲ့ဘေးပတ်ပတ်လည်ကို
LCD screen တွေအပြည့်တပ်ဆင်သွားမယ်လို့လည်းသိရပါတယ်။
ဘောလုံးကွင်းအပြင်ဘက်မှာလည်း
ဘက်စုံသုံးအားကစားခန်းမကြီးနဲ့အတူ
ရုပ်ရှင်ရုံ, အားကစားပြခန်း ဘောလုံးကွင်း ကွင်းသေးငါးကွင်း၊ ကွင်းကြီးနှစ်ကွင်းနဲ့ ဘောလုံးအကယ်ဒမီအဆောက်အဦတွေကို ပါထည့်သွင်းတည်ဆောက်သွားဦးမှာဘဲဖြစ်ပါတယ်။
ခေတ်မီဗိသုကာပညာနဲ့အင်ဂျင်နီယာပညာရဲ့အနုပညာဆန်ဆန်ပေါင်းစပ်ဖန်တီးထားတဲ့ဒီဘောလုံးကွင်းဟာဆိုရင်တော့
Gulf State 7 နိုင်ငံထဲကအကြီးမားဆုံးနဲ့အလှပဆုံး
အားကစားကွင်းကြီးဖြစ်လာနိုင်တယ် လို့ လည်း မှတ်ချက်ပြုနေကြ တာဘဲဖြစ်ပါတယ်။