Home  / News  / News Details

သတင်း အသေးစိတ်

ပြင်ဦးလွင်ဘူတာ အနီး 3 Star အဆင့်ရှိ မီးရထားဟိုတယ်နှင့်အဆင့်မြင့် ဈေးဝယ်စင်တာ တည်ဆောက်မည်

Dec 12, 2025  /

ပြင်ဦးလွင်ဘူတာ အနီး 3 Star အဆင့်ရှိ မီးရထားဟိုတယ်နှင့်အဆင့်မြင့် ဈေးဝယ်စင်တာ တည်ဆောက်မည်

ဒီဇင်ဘာ (၁၂)ရက်။

Myanmar Property Dealer

ပြင်ဦးလွင်မြို့ရှိပြင်ဦးလွင်ဘူတာ အနီး 3 Star အဆင့်ရှိ မီးရထားဟိုတယ်နှင့်အဆင့်မြင့် ဈေးဝယ်စင်တာ တည်ဆောက်သွားမှာဖြစ်တယ်လို့သိရပါတယ်။

ယခုတည်ဆောက်မဲ့ အဆောက်အအုံက အဆင့်မြင့်လေးထပ် အဆောက်အအုံဖြစ်ပြီးငလျင်ဒဏ်ခံနိုင် အောင် Pile Foundation ဖြင့် တည်ဆောက်သွားမှာဖြစ်ပြီး အဆောက်အအုံကိုလည်း သဘာဝအလင်းရောင်နှင့် လေဝင်လေထွက်ကောင်းမွန်တဲ့လက်ရှိရှေးဟောင်းအဆောင်အအုံ ပြင်ဦးလွင်ဘူတာ Design ပုံစံနှင့် လိုက်လျောညီထွေရှိစေမဲ့ ဗိသုကာဒီဇိုင်းပုံစံဖြင့် Conceptual Plan ပုံစံအား ရေးဆွဲမှာဖြစ်တယ်လို့သိရပါတယ်။

ဒါ့အပြင် Landscaping နှင့် Drainage System မှအစ စနစ်တကျတွက်ချက် ရေးဆွဲထားပြီး၊3 Stars အဆင့်ရှိတဲ့ ဟိုတယ်ဖြစ်သဖြင့် ဟိုတယ်အခန်း အကျယ်အဝန်းနှင့် Facility အစရှိတဲ့ Design ပုံစံအပြင် ၊ ဟိုတယ်တွင် လာရောက်တည်းခိုမဲ့ ဧည့်သည်များနှင့် ဈေးဝယ်လာရောက်ကြမယ့် ဧည့်သည်များအတွက်လည်းအဆင့်မြင့် ဈေးကိုပါ ထည့်သွင်းတည်ဆောက်မှာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိ ပြင်ဦးလွင်ဘူတာအနီး မီးရထားဟိုတယ်နှင့် အဆင့်မြင့်ဈေးဝယ်စင်တာ၊ ဘောလုံးကွင်း ၊ရတနာပုံမြို့သစ်စီမံကိန်းရှိ ရတနာပုံ Cyber City စီမံကိန်းအဆောက်အအုံများနှင့် အိမ်ရာစီမံကိန်းနေရာများအကောင်အထည်ဖော်မှာဖြစ်တယ်လို့လည်းသိရပါတယ်။