Home  / News  / News Details

သတင်း အသေးစိတ်

သုခဒဂုံပြည်သူ့အငှားအိမ်ရာအတွင်းရှိ နေထိုင်ခြင်းမရှိသည့် အိမ်ခန်းများအား ပြန်လည်သိမ်းယူမည်

Mar 15, 2024  /

သုခဒဂုံပြည်သူ့အငှားအိမ်ရာအတွင်းရှိ နေထိုင်ခြင်းမရှိသည့် အိမ်ခန်းများအား ပြန်လည်သိမ်းယူမည်

မတ်လ (၁၆)ရက်။

Myanmar Property Dealer  

 

သုခဒဂုံပြည်သူ့အငှားအိမ်ရာအတွင်းရှိ အခန်းမဲပေါက်တဲ့ အိမ်ခန်းများထဲတွင်သတ်မှတ် စည်းကမ်းအတိုင်း နေထိုင်ရန် နှင့် နေထိုင်ခြင်းမရှိတဲ့ အိမ်ခန်းများကို ပြန်လည်သိမ်းယူမှာဖြစ်တယ်လို့သိရပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဉီးစီးဌာနမှ တာဝန်ယူ ဆောက်လုပ်ထားတဲ့ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် သုခဒဂုံပြည်သူ့အငှား အိမ်ရာတွင် နေရေးအခက်အခဲရှိသော ပြည်သူများအား သတ်မှတ်စည်းကမ်းချက်များနှင့် အညီ နေထိုင်ရန် အိမ်ခန်းနေရာ ချထားပေးခဲ့တာဖြစ်ပါတယ်။

 ပထမအဆင့် ငှားရမ်းနေထိုင်ခွင့် ရရှိသူများကို ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၁ရက်နေ့မှ စတင်ပြီး နေထိုင်ခွင့်ပြုခဲ့ရာမှ အချို့ငှားရမ်းနေထိုင်ခွင့်ရရှိသူများက နေထိုင်ခွင့် ရရှိပြီးဖြစ်သော်လည်း လာရောက်နေထိုင်ခြင်းမရှိကြောင်း တွေ့ရှိရတာပဲဖြစ်ပါတယ်။

 သုခဒဂုံ ပြည်သူ့အငှားအိမ်ရာတွင် အိမ်ခန်းငှားရမ်းခွင့် ရရှိထားသူများအနေဖြင့် လာမယ့် မတ်လ၃၁ရက်နေ့ နောက်ဆုံးထားပြီး အငှားချထားသော အိမ်ခန်းတွင် လာရောက်နေထိုင်ရန်နှင့် နေထိုင်ခြင်းမရှိပါက အိမ်ခန်းအား ဌာနမှ ပြန်လည်သိမ်းယူပြီး အမှန်တကယ်နေထိုင်ရန် အခက်အခဲရှိသူများအား ပြန်လည်နေရာ ချထားပေးသွားမည် ဖြစ်တယ်လို့သိရပါတယ်။