Home  / News  / News Details

သတင်း အသေးစိတ်

တောင်ကြီးမြို့ မြို့ရှောင်လမ်းဘေးတွင် ၁၉ဧကအကျယ်ရှိကုန်တင်ယာဉ်ရပ်နားစခန်း စီမံကိန်း ဆောင်ရွက်နေ

Feb 21, 2026  /

တောင်ကြီးမြို့ မြို့ရှောင်လမ်းဘေးတွင် ၁၉ဧကအကျယ်ရှိကုန်တင်ယာဉ်ရပ်နားစခန်း စီမံကိန်း ဆောင်ရွက်နေ

ဖေဖော်ဝါရီ (၂၂)ရက်။
Myanmar Property Dealer

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ မြို့ရှောင်လမ်းဘေးတွင်၁၉ ဧကအကျယ်အဝန်းရှိမြေနေရာပေါ်တွင် ကုန်တင်ယာဉ်များ စနစ်တကျ ရပ်နားနိုင်ရေးနှင့် ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းစေရေးကို ရည်ရွယ်ပြီး ကုန်တင်ယာဉ်ရပ်နားစခန်း စီမံကိန်း အား ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။

စီမံကိန်းကို တောင်ကြီးမြို့ လေးမိုင်ကွေ့ - နောင်တလီ -ညိုမီး - နောင်ပနားဗွာ - လင်းကွင်း - ထီရီ လမ်းပေါ်တွင် သွားလာနေတဲ့ကုန်တင်ယာဉ်ကြီးများ ရပ်နားနိုင်ရန် နောင်လေကျေးရွာအုပ်စု ပင်ငိုကျေးရွာအနီးတွင် ကုန်တင်ယာဉ်ရပ်နားစခန်းစီမံကိန်းကို ဆောင်ရွက်နေတာဖြစ်ပါတယ်။

အဆိုပါကုန်တင်ယာဉ်ကြီးများရပ်နားစခန်းကို EOIစနစ်ဖြင့်လုပ်ဆောင်နေခြင်းဖြစ်ပြီး စီမံကိန်းတွင်ကုန်တင်ယာဉ်များအတွက် ရပ်နားကွင်းများ၊ ယာဉ်မောင်းများအတွက် နားနေဆောင်နှင့် အခြေခံဝန်ဆောင်မှုများပါဝင်မှာဖြစ်တယ်လို့တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနမှ သိရပါတယ်။

ယခုစီမံကိန်းပြီးစီးပါက မြို့တွင်း ယာဉ်ကြောအဆင်ပြေချောမွေ့လာနိုင်သကဲ့သို့လမ်းဘေးအန္တရာယ်များ လျော့နည်းသွားနိုင်မှာဖြစ်တယ်လို့မျှော်လင့်ထားကြပြီး တောင်ကြီးမြို့ရဲ့ ယာဉ်သယ်ယူပို့ဆောင်ရေး စနစ်တိုးတက်ကောင်းမွန်ရေးအတွက် အရေးပါသော အခြေခံအဆောက်အအုံတစ်ရပ် ဖြစ်လာမှာဖြစ်တယ်လို့လည်းသိရပါတယ်။