အကြောင်းကြားစာအတုဖြင့်
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ
အခန်းဝယ်ယူခွင့်ပြုချက်များလိမ်လည်မှုရှိနေ
။
နိဝင်ဘာလ ( ၆)ရက်။
Myanmar Property Dealer
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အခန်းဝယ်ယူခွင့်ပြုထားတဲ့ အကြောင်းကြားစာများကို အတုပြုလုပ်ကာ လိမ်လည်မှုများရှိနေတယ်လို့
ဆောက်လုပ်ရေးဝန်ကြီးဌာန
၊
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(ရန်ကုန်)က အသိပေးထုတ်ပြန်ထားရှိပါတယ်။
အဆိုပါအကြောင်းကြားစာအတုတွင် ‘’လူကြီးမင်း၏လျှောက်ထားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်ဆိပ်ကမ်မြို့နယ်၊ ဧရာချမ်းသာ အဆင့်မြင့် ကွန်ဒိုမီနီယမ်မှ တိုက်အမှတ်(၁၀)အေ၊ အခန်းအမှတ် ၁၄၂၀၈ အား အခန်းတန်ဖိုးကျပ် စာဖြင့် ကျပ်သိန်းတစ်ထောင့်သုံးဆယ်ငါးသိန်းသုံးသောင်းကျပ် တိတိကို ညွှန်ကြားရေးမှူးချုပ်၏ အောက်တိုဘာ ၉ရက် ရက်စွဲပါ ခွင့်ပြုချက်အရ CHIDဘဏ်အိမ်ရာချေးငွေ စနစ်ဖြင့် အရစ်ကျဝယ်ယူခွင့်ပြုကြောင်း အကြောင်းကြား အပ်ကြောင်း ဖော်ပြထားသည်။ ‘’ဟုပါရှိပါတယ်။
ဒါ့အပြင် အခန်းအတွက်ကျသင့်တန်ဖိုး (၃၀%) ကျပ် (၃၁,၀၅၉,၀၀၀)ကျပ် စာဖြင့် - ကျပ်သိန်း သုံးရာ့တစ်ဆယ်ငါးသောင်းကိုးထောင် ကျပ်တိတိအား သတ်မှတ်ထား သော ဘဏ်စာရင်း အမှတ်၊ 0965110960170240၊ ဒေါ်ခင်မိုးရွှေ (KBZ Bank) သို့ အကြောင်းကြားစာရရှိပြီးတဲ့နေ့မှစတင်ပြီး ရုံးဖွင့်ရက် ၅ရက်အတွင်းပေးသွင်းပါရန်နှင့် ပေးသွင်း ပြီး ငွေပို့ပြေစာအား အီးမေးလ်မှ တစ်ဆင့်ဖြစ်စေ၊ နေပြည်တော် မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနရုံးသို့ဖြစ်စေ ကိုယ်တိုင်ပေးပို့ရမှာဖြစ်
တယ်လို့လည်းဖော်ပြချက်အရ
သိရပါတယ်။
အခန်းဝယ်ယူခွင့်ပြုကြောင်း အကြောင်းကြားစာကို အတုအပ ပြုလုပ်ခြင်းနှင့် email account အတုများ ဖွင့်ကာ လိမ်လည်ပြီး အခန်းများ ရောင်းချခြင်း၊ ငွေလွှဲခိုင်းခြင်းတို့ ပြုလုပ်နေခြင်းများရှိနေတာကြောင့်
အများပြည်သူ အနေဖြင့် ရောင်းမှား ဝယ်မှား မဖြစ်စေရန် သတိပေးထားတဲ့အပြင်
သိရှိလိုတာများရှိပါကလည်း ဌာနသို့ လူကိုယ်တိုင် လာရောက် ဆက်သွယ် မေးမြန်းနိုင်တယ်လို့လည်း
အသိပေးထုတ်ပြန်ထားရှိပါတယ်။