ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၂ ခုခွင့်ပြုပေးခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း ၄,၈၀၀ ကျော် ဖန်တီးပေးနိုင်မယ်လို့သိရ
ဇွန်လ
(၄)ရက်။
Myanmar
Property Dealer
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ရဲ့ (၄/၂၀၂၆) ကြိမ်မြောက်အစည်းအဝေးမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၂
ခုကို
ခွင့်ပြုပေးခဲ့ပြီး ဒီလုပ်ငန်းတွေကြောင့် အလုပ်အကိုင်အခွင့်အလမ်း ၄,၈၀၀ ကျော် ဖန်တီးပေးနိုင်မယ်လို့ သိရပါတယ်။
ဒီတစ်ကြိမ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအသစ်တစ်ခုအပြင် စက်မှု၊ ဟိုတယ်နှင့်ခရီးသွား၊ စိုက်ပျိုးရေး၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးကဏ္ဍတွေက ရင်းနှီးမြှုပ်နှံမှုအသစ်တွေ ဝင်ရောက်လာတာ ဖြစ်ပါတယ်။ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏက အမေရိကန်ဒေါ်လာ ၄၇.၆ သန်းကျော်နဲ့ ကျပ်ဘီလီယံ ၂၉၉
ကျော်
ရှိပါတယ်။
အထူးသဖြင့် အဝတ်အထည်ချုပ်လုပ်ငန်း၊ ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း၊ အစားအစာထုတ်လုပ်ရေးလုပ်ငန်းနဲ့ စက်မှုကုန်ထုတ်လုပ်ငန်းတွေ ပါဝင်လာတာကြောင့် ဒေသခံတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုဖန်တီးပေးနိုင်မယ့် အလားအလာကောင်းတွေ တွေ့မြင်ရပါတယ်။
ရင်းနှီးမြှုပ်နှံမှုအသစ်တွေ ဆက်လက်ဝင်ရောက်လာခြင်းဟာ စီးပွားရေးလှုပ်ရှားမှုတွေ တိုးတက်လာစေပြီး ပြည်သူတွေအတွက် အလုပ်အကိုင်ရရှိမှုကို အထောက်အကူပြုမယ့် အရေးကြီးတဲ့ အပြောင်းအလဲတစ်ရပ်လည်း ဖြစ်လာနေပါတယ်။
၂၀၂၆
ခုနှစ် ဧပြီလကုန်အထိ မြန်မာနိုင်ငံမှာ နိုင်ငံနဲ့ ဒေသပေါင်း ၅၃ ခုက ရင်းနှီးမြှုပ်နှံမှုတွေ
ဝင်ရောက်ထားပြီး အဲဒီအထဲမှာ စင်ကာပူ၊ တရုတ်နဲ့ ထိုင်းနိုင်ငံတို့က အများဆုံး ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံတွေဖြစ်တယ်လို့ သိရပါတယ်။