ဘန်ကောက် ကွန်ဒိုဈေးကွက်တွင် မရောင်းရသေးသော အခန်း ၃၅၀,၀၀၀ ခန့် စုပုံနေပြီး ရှင်းလင်းရန် ၅ မှ ၆ နှစ်ခန့် ကြာနိုင်
ထိုင်းနိုင်ငံ ဘန်ကောက်နှင့် အနီးဝန်းကျင်ဒေသများရှိ ကွန်ဒိုဈေးကွက်တွင် မရောင်းရသေးတဲ့ ကွန်ဒိုအခန်းပေါင်း ၃၅၀,၀၀၀ ခန့် စုပုံနေပြီး ယင်းလက်ကျန်အခန်းများကို ရောင်းချကုန်ဆုံးရန် ၅ နှစ်မှ ၆ နှစ်ခန့် ကြာမြင့်နိုင်တယ်လို့ Knight Frank Thailand က ထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၆ ခုနှစ် ပထမသုံးလပတ်အတွင်း ကွန်ဒိုအသစ် ၆,၁၇၄ ခန်း ဖွင့်လှစ်ရောင်းချခဲ့ပေမဲ့ စီးပွားရေးအချက်အချာကျတဲ့ CBD ဧရိယာတွေမှာတော့ စီမံကိန်းအသစ်များ ဖော်ဆောင်နိင်ခြင်းမရှိဘူးလို့လည်းသိရပါတယ်။
ဖွံ့ဖြိုးရေးလုပ်ငန်းရှင်များအနေနဲ့ ကုန်ကျစရိတ်မြင့်မားတဲ့ မြို့လယ်ဧရိယာများထက် ဝယ်ယူသူ ပိုမိုများပြားနိုင်တဲ့ ဒေသများနှင့် လူအများလက်လှမ်းမီနိုင်တဲ့ ဈေးနှုန်းအုပ်စုများကို ပိုမိုအာရုံစိုက်လာတယ်လို့တွေ့ရပါတယ်။
ဒါ့အပြင် ကွန်ဒိုအသစ်များရဲ့ ကြိုတင်ဘွတ်ကင်နှုန်းမှာ ၂၄.၃ ရာခိုင်နှုန်းသာ ရှိခဲ့ပြီး ယခင်သုံးလပတ်နှင့် နှိုင်းယှဉ်ပါက သိသိသာသာ ကျဆင်းသွားခဲ့ပြီးဒီဖြစ်စဉ်က အိမ်ရာလိုအပ်ချက် လျော့နည်းသွားတာ မဟုတ်ဘဲ စီးပွားရေးအခြေအနေကြောင့် ဝယ်ယူသူများက ဆုံးဖြတ်ချက်ချရာတွင် ပိုမိုသတိထားလာခြင်း၊ ဈေးနှုန်းနှင့် တန်ဖိုးကို ပိုမိုနှိုင်းယှဉ်လာခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရပါတယ်။
တစ်ဖက်တွင် ကွန်ဒိုပိုင်ဆိုင်မှု လွှဲပြောင်းမှုများမှာ ယခင်နှစ်ထက် ၁၂.၇ ရာခိုင်နှုန်း တိုးတက်ခဲ့သော်လည်း ယင်းတိုးတက်မှုက အစိုးရရဲ့ အိမ်ရာချေးငွေစည်းမျဉ်းများ ဖြေလျှော့ပေးခြင်းနှင့် အခွန်အခ လျှော့ချပေးခြင်းတို့ကြောင့် ဖြစ်ပြီး ဈေးကွက် အပြည့်အဝ ပြန်လည်ကောင်းမွန်လာပြီဟု မဆိုနိုင်သေးကြောင်း Knight Frank က သုံးသပ်ထားပါတယ်။
[6/19/2026 9:09 AM] Salai Kyaw Moe Tun: လက်ရှိတွင် ဝယ်သူများသည် ဈေးနှုန်း၊ လျှော့ဈေး၊ ပရိုမိုးရှင်းနှင့် ငွေပေးချေမှုစည်းကမ်းများတွင် ပိုမိုရွေးချယ်ခွင့် ရရှိလာကြတယ်လို့ဆိုပါတယ်။
Knight Frank ရဲ့ အမြင်အရ ထိုင်းကွန်ဒိုဈေးကွက်သည် ရင်းနှီးမြှုပ်နှံမှုအခြေပြု ဈေးကွက်မှ အမှန်တကယ် နေထိုင်ရန်လိုအပ်ချက်ကို အခြေခံတဲ့ ဈေးကွက်သို့ ပြောင်းလဲနေပြီဖြစ်ပြီး၊ အနာဂတ်တွင် အောင်မြင်မဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများမှာ စီမံကိန်းအများဆုံး ဖွင့်လှစ်နိုင်သူများ မဟုတ်ဘဲ ဝယ်ယူနိုင်စွမ်းနှင့် ကိုက်ညီတဲ့ စီမံကိန်းများကို ဖန်တီးနိုင်သူများ ဖြစ်လာမှာဖြစ်တယ်လို့လည်းကျွမ်းကျင်သူများက သုံးသပ်ထားရှိပါတယ်။
[6/19/2026 3:03 PM] နီနီမောင်: