Home  / News  / News Details

သတင်း အသေးစိတ်

မန္တလေးအိမ်ခြံမြေအရောင်းအဝယ်ကြဲခြင်းက‌ရွှေစျေးနဲ့ဒေါ်လာစျေးကျခြင်းပေါ်မူတည်နေ

Nov 15, 2024  /

မန္တလေးအိမ်ခြံမြေအရောင်းအဝယ်ကြဲခြင်းက‌ရွှေစျေးနဲ့ဒေါ်လာစျေးကျခြင်းပေါ်မူတည်နေ

နိုဝင်ဘာလ (၁၅)

Myanmar  Property Dealer

မန္တလေးအိမ်ခြံမြေအရောင်း၊ အဝယ်ကြဲသွား ခြင်းက ရွှေဈေး၊ဒေါ်လာဈေးကျခြင်းပေါ်မူတည်နေပြီး တကယ့်လိုအပ်သူတွေသာဝယ်ကြပြီး၊အရင်လိုဝယ်ရောင်းတွေနည်းပါးသွားတဲ့အတွက် ဖြစ်တယ်လို့လည်း မန္တလေးအိမ်ခြံမြေဈေးကွက်ထဲမှသိရပါတယ်။

 “ရွှေစျေးတွေဒေါ်လာတွေ ကျနေ တော့ အကူးအပြောင်းတွေမလုပ်ကြတော့ဘူး။နေထိုင်ဖို့ဝယ်တဲ့သူက ၅၀ ရာခိုင်နှုန်းဆိုရင် ကျန်တဲ့စီးပွားရေး ရင်းနှီးမြှုပ်နှံချင်သူက၅၀ ရာခိုင်နှုန်းပေါ့   ။အရင်ကဆိုတောက်လျှောက် ဝယ်ရောင်းတွေဖြစ်တယ်။တစ်လကို  ၃ပွဲ၊၄ပွဲအရောင်းဖြစ်ရာကနေအခုဆို ၁ပွဲ ၊၂ပွဲတောင်မနည်းအလုပ်ဖြစ်အောင်လုပ်နေရတယ်။’’ဟု မန္တလေး အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးကရှင်းပြပါတယ်။

လက်ရှိ မန္တလေးအိမ်ခြံမြေဈေးကွက်  အဝယ်ကြဲတယ်ဆိုပေမယ့် အိမ်ခြံမြေဈေးကွက်ထဲတွင် အဝယ်သာရှိနေပြီးအရောင်းမရှိပဲဖြစ်နေတယ်လို့လည်းသိရပါတယ်။