Home  / News  / News Details

သတင်း အသေးစိတ်

ထိုင်းတွင် မြေယာပွဲစားအဖြစ် တရားမဝင်လုပ်ကိုင်သည့် တရုတ်အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

May 27, 2026  /

ထိုင်းတွင် မြေယာပွဲစားအဖြစ် တရားမဝင်လုပ်ကိုင်သည့် တရုတ်အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

 

မေ(၁၇)ရက်။

Myanmar Property Dealer

ထိုင်းနိုင်ငံ၊ ချွန်ဘူရီပြည်နယ်မှာ Tourist ဗီဇာနဲ့ လာရောက်ပြီး WeChat ပေါ်မှာ မြေကွက်တွေ ကြော်ငြာရောင်းချနေတဲ့ တရုတ်အမျိုးသမီး "အန်ဟန်" ကို ထိုင်း လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က မေလ ၁၉ ရက် နေ့က ဖမ်းဆီးခဲ့ပါတယ်။

အသက် ၄၃ နှစ်အရွယ် အန်ဟန် (Anhan) အမည်ရှိ အဆိုပါ သံသယရှိသူအမျိုးသမီးက  WeChat အပလီကေးရှင်းပေါ်တွင် ထိုင်းနိုင်ငံရှိ မြေကွက်အရောင်းအဝယ်များကို ကြော်ငြာတဲ့ ဗီဒီယိုများ တင်ထားတာကို တွေ့ရှိရပြီးနောက် သူမရဲ့လုပ်ရှားမှုများကို စောင့်ကြည့်နေခဲ့ခြင်းဖြစ်တယ်လို့လည်း ချွန်ဘူရီပြည်နယ် လူဝင်မှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။

 

ဆက်လက်စုံစမ်းစစ်ဆေးချက်များအရ  သီရိရာချာခရိုင်ရှိ နေအိမ်တစ်လုံးတွင် တရုတ်လူမျိုး ရင်းနှီးမြှုပ်နှံသူ ဦးနှင့် တွေ့ဆုံပြီး မြေကွက်အရောင်းအဝယ် သဘောတူစာချုပ်ချုပ်ဆိုရန် ဆွေးနွေးနေစဉ်မှာအဆောက်အအုံကို ဝင်ရောက်စီးနင်းခံရတာဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာမှာ အရောင်းအဝယ် စာချုပ်များနှင့် မြေပိုင်ဆိုင်မှု ဂရမ် (Title deeds) များကိုပါ သိမ်းဆည်းရမိခဲ့တာပါ။

လက်ရှိမှာတော့ သူမကို အလုပ်လုပ်ကိုင်ခွင့် (Work Permit) မရှိခြင်း၊ ထိုင်းနိုင်ငံသားတွေပဲ လုပ်ခွင့်ရှိတဲ့ "မြေယာပွဲစား" အလုပ်ကို လုပ်ကိုင်ခြင်းတို့ကြောင့် တရားစွဲခံရပြီး ဒဏ်ငွေ ဘတ် ,၀၀၀ မှ ၅၀,၀၀၀ အထိ ကျခံရမဲ့အပြင်၊ ပြည်နှင်ဒဏ်နှင့် နှစ် အလုပ်ဗီဇာပိတ်ပင်ခြင်း ခံရမှာ ဖြစ်ပါတယ်။

Ref ; Thaiger