Home  / News  / News Details

သတင်း အသေးစိတ်

ဒေသခံလူမှုအသိုင်းအဝိုင်းများတွင် ပြန်လည်ရင်းနှီးမြှုပ်နှံရန် တော်ဝင်ပိုင်မြေယာအချို့ကို Prince William ရောင်းချမည်

Jun 11, 2026  /

ဒေသခံလူမှုအသိုင်းအဝိုင်းများတွင် ပြန်လည်ရင်းနှီးမြှုပ်နှံရန် တော်ဝင်ပိုင်မြေယာအချို့ကို Prince William ရောင်းချမည်

ဇွန် (၁၂)

Myanmar Property Dealer

ဗြိတိန်အိမ်ရှေ့စံ Prince William သည် လာမဲ့ ၁၀ နှစ်အတွင်း လည်းကောင်းရဲ့ Duchy of Cornwall ပိုင် မြေယာနှင့် အိမ်ခြံမြေအချို့ကို ရောင်းချကာ ရရှိလာမယ့်ငွေများဖြင့် ပေါင်သန်း ၅၀၀ ကျော် (အမေရိကန်ဒေါ်လာ သန်း ၆၇၀ ခန့်) ကို ဒေသခံလူမှုအသိုင်းအဝိုင်းများအတွက် ပြန်လည်ရင်းနှီးမြှုပ်နှံသွားမှာဖြစ်တယ်လို့သိရပါတယ်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုများတွင် ဈေးနှုန်းသက်သာသော အိမ်ရာစီမံကိန်းများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများ ပါဝင်မှာဖြစ်ပါတယ်။

The Times သတင်းစာရဲ့ ဖော်ပြချက်အရ ရောင်းချမဲ့ ပိုင်ဆိုင်မှုများသည် Duchy of Cornwall ပိုင်ဆိုင်မှုစုစုပေါင်းရဲ့  ၂၀ ရာခိုင်နှုန်းခန့်နှင့် ညီမျှမည်ဖြစ်ပြီး Duchy of Cornwall သည် ဗြိတိန်နိုင်ငံ၏ အကြီးမားဆုံး မြေပိုင်ရှင်များထဲမှ တစ်ဦးဖြစ်ပြီး ကျယ်ပြန့်သော မြေယာများအပြင် စီးပွားရေးနှင့် လူနေအိမ်ခြံမြေများစွာကိုလည်း ပိုင်ဆိုင်ထားပါတယ်။

Duchy of Cornwall အမှုဆောင်အရာရှိချုပ် Will Bax က “Duchy ဟာ အထူးသဖြင့် ကျွန်တော်တို့ အကျိုးသက်ရောက်မှု အများဆုံး ဖန်တီးနိုင်တဲ့ ဒေသတွေမှာ အပြုသဘောဆောင်တဲ့ အကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်ဖို့ တည်ရှိသင့်ပါတယ်ဟု လည်းပြောကြားခဲ့ပါတယ်။

၎င်းကဒီရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ ရင်းနှီးမြှုပ်နှံမှု အများအပြား လိုအပ်ပြီး၊ အချို့အခြေအနေများမှာ လက်ရှိပိုင်ဆိုင်ထားတဲ့ ပိုင်ဆိုင်မှုတွေကို ပြန်လည်ညှိနှိုင်းဖွဲ့စည်းရတာမျိုး ရှိနိုင်ပါတယ်။ ဒါမှသာ လက်ရှိနဲ့ အနာဂတ်ကာလတွေမှာ လူမှုအသိုင်းအဝိုင်းတွေအတွက် အကျိုးသက်ရောက်မှု အမြင့်မားဆုံး ဖြစ်စေနိုင်မှာပါဟုလည်း ဆိုပါတယ်၊

Bax ပြောကြားချက်အရ အဆိုပါ စီမံကိန်းများအတွက် လိုအပ်သော ငွေကြေးကို Duchy တစ်လျှောက်ရှိ ပိုင်ဆိုင်မှုများမှ ရင်းနှီးမြှုပ်နှံထားသည့် အရင်းအနှီးများကို ပြန်လည်အသုံးချခြင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများမှ ရရှိသော ဝင်ငွေများ၊ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများနှင့် ချေးငွေအချို့မှ အဓိက ရရှိမည်ဖြစ်တယ်လို့လည်းသိရပါတယ်။

Prince William သည် ပြီးခဲ့တဲ့နှစ်က Duchy of Cornwall မှ ပေါင်သန်း ၂၀ ကျော်ကို ကိုယ်ပိုင်ဝင်ငွေအဖြစ် ရရှိခဲ့ပြီး သို့သော် မကြာသေးမီနှစ်များအတွင်း ၎င်းနှင့် ဖခင်ဖြစ်သူ ဘုရင် Charles တို့သည် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို စီမံခန့်ခွဲပုံနှင့်ပတ်သက်၍ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရပါတယ်။

William အကြံပေးများ၏ ပြောကြားချက်အရ ၎င်းသည် ၂၀၂၂ ခုနှစ်တွင် Duchy of Cornwall ကို အမွေဆက်ခံရရှိခဲ့ပြီးနောက် ပိုင်ဆိုင်မှုစီမံခန့်ခွဲမှုကို အနီးကပ် ပြန်လည်သုံးသပ်နေခဲ့ကြောင်း သိရပါတယ်။

၂၀၂၄ ခုနှစ်တွင် Sunday Times သတင်းစာ၏ စုံစမ်းဖော်ထုတ်မှုနှင့် ရုပ်သံမှတ်တမ်းတစ်ခုက Charles နှင့် ၎င်း၏ အမွေဆက်ခံမည့်သား William တို့သည် ၎င်းတို့၏ မြေပိုင်ဆိုင်မှုများမှ ကောက်ခံတဲ့ အခကြေးငွေများကြောင့် နိုင်ငံ၏ ကျန်းမာရေးဝန်ဆောင်မှု၊ စစ်တပ်နှင့် စာသင်ကျောင်းများထံမှ ပေါင်သန်းများစွာ ရရှိခဲ့ကြောင်း စွပ်စွဲဖော်ပြခဲ့ပါတယ်။

ယင်းနောက် Duchy of Cornwall သည် ပရဟိတအဖွဲ့အစည်းများနှင့် လူမှုအသိုင်းအဝိုင်းဆိုင်ရာ အဖွဲ့အစည်းများကို ငှားရမ်းထားတဲ့ အိမ်ခြံမြေအချို့၏ ငှားရမ်းခများကို သိသိသာသာ လျှော့ချပေးခဲ့ကြောင်းလည်းသိရပါတယ်။

 

 

The Time