Home  / News  / News Details

သတင်း အသေးစိတ်

Esport တာဝန်ရှိသူများနှင့် ကမ္ဘာ့ချန်ပီယံဆုရ Yangon Galacticos (YG)ကို KBZ မှ မြေကွက်များ ဂုဏ်ပြုပေးအပ်

Sep 2, 2025  /

Esport တာဝန်ရှိသူများနှင့် ကမ္ဘာ့ချန်ပီယံဆုရ Yangon Galacticos (YG)ကို KBZ မှ မြေကွက်များ ဂုဏ်ပြုပေးအပ်
စက်တင်ဘာ (၂)ရက်
Myanmar Property Dealer
KBZ Bank နာယကဦးအောင်ကိုဝင်းက မြန်မာ Esport အားကစားအဖွဲ့ချုပ်တာဝန်ရှိသူများနှင့် ကမ္ဘာ့ချန်ပီယံဆုရ Yangon Galacticos (YG)အသင်းကို Taunggyi Garden City မှ ဂရံမြေကွက် (၉) ကွက် ဂုဏ်ပြုပေးအပ်ချီးမြှင့်ခဲ့ကြောင်း ကမ္ဘောဇဘဏ်၏ ထုတ်ပြန်ချက်အရ သိရပါတယ်။
PMWC ပြိုင်ပွဲကို ပထမနေရာကနေ ကမ္ဘာ့ချန်ပီယံဆုရရှိခဲ့တဲ့ Yangon Galacticos (YG) အားကစားအသင်း ဂုဏ်ပြုပွဲကို ပြီးခဲ့တဲ့ သြဂုတ်လ ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် တောင်ကြီးမြို့တွင် ကျင်းပခဲ့တာဖြစ်ပြီး အားကစားအသင်း အတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်း(၁၀,၀၀၀)နှင့် မြန်မာ Esport အားကစား အဖွဲ့ချုပ်တာဝန်ရှိသူများအပါအဝင် အောင်ပွဲရ လူငယ်အားကစားသမားများ တစ်ဦးချင်းစီအတွက် တောင်ကြီး ဂါးဒင်းစီးတီး (Taunggyi Garden City ) မှ ပေ ၄၀ x ပေ ၆၀ အကျယ်ရှိ ဂရံမြေကွက် စုစုပေါင်း (၉) ကွက်ကို ဂုဏ်ပြုပေးအပ်ခဲ့ကြောင်း သိရပါတယ်။
ကမ္ဘောဇဘဏ်၊ KBZPay သည်မြန်မာအီလက်ထရောနစ်အားကစားအဖွဲ့ချုပ် (MESF)ရဲ့ co-partner တစ်ဦးအနေဖြင့် မြန်မာနိုင်ငံ Esports ကဏ္ဍ တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်စေရန် (၂၀၁၈) ခုနှစ်မှစတင်ကာ ပံ့ပိုးကူညီခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ကျပ်ငွေ (၄.၈ ) ဘီလျံကျော် ပံ့ပိုးပေးထားကြောင်းသိရပါတယ်။