Home  / News  / News Details

သတင်း အသေးစိတ်

1960 ချီလီငလျင်နဲ့ ဆူနာမီက အကြီးဆုံးဖြစ်ခဲ့ရုံသာမက တစ်ကမ္ဘာလုံးကိုပါရိုက်ခတ်

Apr 23, 2025  /

1960 ချီလီငလျင်နဲ့ ဆူနာမီက အကြီးဆုံးဖြစ်ခဲ့ရုံသာမက တစ်ကမ္ဘာလုံးကိုပါရိုက်ခတ်
ဧပြီလ (၁၆)ရက်။
Myanmar Property Dealer
ချီလီနိုင်ငံမှာ ၁၉၆၀ ခုနှစ် မေလ ၂၂ ရက်နေ့မှာ ပြင်းအား ရစ်ခ်ျတာစကေး ၉ ဒသမ ၅ အဆင့်ရှိတဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး ကမ်းရိုးတန်း ကမ်းလွန်မှာ စံချိန်တင် အကြီးမားဆုံး ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါတယ်။
ဒီငလျင်ကြောင့် ချီလီကမ်းရိုးတန်းတစ်လျှောက်တင်မက ဆူနာမီလှိုင်းလုံးတွေကိုလည်း ဖြစ်ပေါ်စေခဲ့ပါတယ်။
ဒီလှိုင်းလုံးကြီးတွေဟာ ပစိဖိတ်သမုဒ္ဒရာကိုဖြတ်ကျော်ပြီး ဟာဝိုင်အီ၊ ဂျပန်နဲ့ ဖိလစ်ပိုင်တို့ကိုပါ ရိုက်ခတ်ခဲ့ပါတယ်။ ဒီငလျင်ကကြီးရဲ့ အရှိန်ကြောင့် နိုဝင်ဘာ ၁ ရက်နေ့အထိ ပြင်းအား ရစ်ခ်ျတာစကေး ၇ ဒသမ ၅ ဒါမှမဟုတ် ဒီထက်ပိုတဲ့ နောက်ဆက်တွဲ ငလျင်တွေ ဆက်လက်လှုပ်ခတ်ခဲ့ပါတယ်။
ဆူနာမီအပါအဝင် ချီလီငလျင်နဲ့ ဆက်စပ်ပြီး သေဆုံးသူအရေအတွက်ဟာ ၄၉၀ နဲ့ ၅၇၀၀ ကြားရှိမယ်လို့ ခန့်မှန်းထားခဲ့ကြပါတယ်။ ချီလီအစိုးရက အနည်းဆုံး လူပေါင်း ၂ သန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။
အိုးမဲ့အိမ်မဲ့ဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုမှာ အမေရိကန်ဒေါ်လာ သန်း ၅၅၀ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ ဟာဝိုင်အီမှာတော့ ဆူနာမီကြောင့် လူ ၆၁ ဦး သေဆုံးပြီး ၄၃ ဦး ဒဏ်ရာရရှိခဲ့ကာ အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းရှိခဲ့ပါတယ် ။
ဂျပန်နိုင်ငံ ပစိဖိတ်ကမ်းရိုးတန်းမှာလည်း ငလျင်လှုပ်ခတ်ပြီး တစ်ရက်နီးပါးမှာ ဆူနာမီရေလှိုင်းဝင်ရောက်ခဲ့တာကြောင့် ၁၃၉ ဦး သေဆုံးခဲ့ပါတယ်။
ဖိလစ်ပိုင်မှာလည်း ဆူနာမီကြောင့် အနည်းဆုံး လူ ၂၁ ဦး သေဆုံးခဲ့ပါတယ်။
ဒီငလျင်ဟာ မှတ်တမ်းတင်ထားသမျှ အကြီးမားဆုံး ငလျင်ဖြစ်ခဲ့ရုံသာမက ဆူနာမီကြောင့် တစ်ကမ္ဘာလုံးကိုပါရိုက်ခတ်စေခဲ့ပါတယ်။
ချီလီနိုင်ငံမှာ ငလျင်နဲ့ဆူနာမီ လှုပ်ခတ်ခဲ့တာဟာ ၁၉၆၀ တစ်ခုတည်းမှာဖြစ်ခဲ့တာမဟုတ်ဘဲ တခြားသိသာထင်ရှားတဲ့ ငလျင်နဲ့ ဆူနာမီများစွာဖြစ်ပေါ်ခဲ့ပါသေးတယ်
• 1570 ကွန်ဆက်ဆီယွန် မြို့မှာ ငလျင်နဲ့ ဆူနာမီကြောင့် လူပေါင်း ၂၀၀၀ ကျော် သေဆုံးခဲ့။
• 1575 ဗယ်ဒီးဗီးရားမြို့မှာ ငလျင်ကြောင့် လူ ၁၂၀၀ သေဆုံးခဲ့ပြီး ဆူနာမီပေါင်း ၁၀၀ ကျော် ဖြစ်ပေါ်ခဲ့။
• 1647 ဆန်တီယာဂိုမြို့မှာ ငလျင်ကြောင့် လူပေါင်း ၁၀၀၀ သေဆုံးခဲ့။
• 1868 အာရီကာမြို့မှာ ငလျင်နဲ့ ဆူနာမီကြောင့် ၂၅၀၀၀ သေဆုံးခဲ့။
• 1877 အယ်ကီးကွယ်မြို့မှာ ငလျင်ကြောင့် လူ ၆၄ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၂၄၇၇ ဦး သေဆုံးစေတဲ့ ဆူနာမီလှိုင်းများ ဖြစ်ပေါ်ခဲ့။
• 1906 ဗာပရီဆိုမြို့မှာ ချီလီငလျင်ကြောင့် လူပေါင်း ၄၀၀၀ သေဆုံးခဲ့ပြီး လူမသေဆုံးနိုင်တဲ့ ဆူနာမီတစ်ခု ဖြစ်ပေါ်ခဲ့။
• 1939 ချယ်လန်မြို့နဲ့ ကွန်ဆက်ဆီယွန်မြို့မှာ ငလျင်ကြောင့် လူပေါင်း ၃၀၀၀၀ ကျော် သေဆုံးခဲ့။
• 2010 မောလ်မြို့မှာ ငလျင်နဲ့ ဆူနာမီကြောင့် လူ ၅၀၀ ကျော် သေဆုံးခဲ့။