Home  / News  / News Details

သတင်း အသေးစိတ်

ဧရာဝတီတိုင်းအတွင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုခြင်း၊ ရောင်းချခြင်းများအပေါ် ဥပဒေအရ အရေးယူမည်

Jul 30, 2026  /

ဧရာဝတီတိုင်းအတွင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုခြင်း၊ ရောင်းချခြင်းများအပေါ် ဥပဒေအရ အရေးယူမည်

ဇူလိုင်  - ၃၀

Myanmar Property Dealer

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လျှောက်ထားရယူခြင်းမရှိဘဲ ကိုယ်တိုင်နယ်နိမိတ်သတ်မှတ်ပြီး၊ ခြံခတ်ခြင်း၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းနှင့် တစ်ဆင့်ပြန်လည်ရောင်းချခြင်းများ ပြုလုပ်ပါက ဥပဒေချိုးဖောက်မှုအဖြစ် အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့  ဧရာဝတီတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီက အသိပေးထားရှိပါတယ်။

အဆိုပါအသိပေးချက်တွင် ဧရာဝတီတိုင်းဒေသကြီး အနောက်ဘက်ကမ်းခြေဒေသများဖြစ်တဲ့ ရွှေသောင်ယံ၊ ချောင်းသာ၊ ငွေဆောင်၊ ဂေါ်ရင်ဂျီနှင့် ဟိုင်းကြီးဒေသများအပါအဝင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများနှင့် သက်ဆိုင်ကြောင်း ဖော်ပြထားရှိပါတယ်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေအရ သတ်မှတ်ထားသည့်ကာလအတွင်း လျှောက်ထားခြင်းမရှိဘဲ အဆိုပါမြေများကို ရယူလုပ်ကိုင်အသုံးပြုသူများ၊ လျှောက်ထားထားသော်လည်း ဗဟိုကော်မတီ သို့မဟုတ် သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီက ခွင့်ပြုရန်မသင့်ဟု သတ်မှတ်ပြီး မြေမှဖယ်ရှားရန် ညွှန်ကြားသည့်အမိန့်ကို မလိုက်နာဘဲ ဆက်လက်အသုံးပြုသူများကိုလည်း ဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့သိရပါတယ်။

ဒါ့အပြင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများပေါ်တွင် ခွင့်ပြုမိန့်မရှိဘဲ ဝင်ရောက်ကျူးကျော်နေထိုင်ခြင်း၊ ဝင်ရောက်ကျူးကျော်လုပ်ကိုင်ခြင်းနှင့် ဗဟိုကော်မတီ သို့မဟုတ် တိုင်းဒေသကြီး စီမံခန့်ခွဲရေးကော်မတီရဲ့ ခွင့်ပြုမိန့်မရရှိဘဲ အသုံးပြုခြင်းများကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၂၇ နှင့် ပုဒ်မ ၂၇-က တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့  မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၊ ပုသိမ်မြို့မှ ထုတ်ပြန်ထားခြင်းဖြစ်ပါတယ်။