ငွေဆောင်ကမ်းခြေတွင် ညဈေးတန်း Night Life
Activities များ ဖန်တီးမည်
နိုဝင်ဘာလ (၃) ရက်
Myanmar Property Dealer
ငွေဆောင်ကမ်းခြေကိုလာရောက်လည်ပတ်ကြတဲ့ ခရီးသွားများအား
ဆွဲဆောင်နိုင်ရန်အတွက် ညဈေးတန်းပုံစံ Night Life Activities များကို ဖန်တီးပေးသွားမှာဖြစ်တယ်လို့
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရပါတယ်။
ညဈေးတန်းကဲ့သို့Night Life Activities များကို
ဖန်တီးခြင်း၊ ကမ်းခြေတွင် ဆောင်ရွက်နိုင်မယ့် အားကစားပြိုင်ပွဲများကို စီစဉ်ဆောင်ရွက်ခြင်း၊
ဖျော်ဖြေရေးအစီအစဉ်များ၊ ရိုးရာပွဲတော်များကို ပုံမှန်ကျင်းပဆောင်ရွက်ခြင်းများ ဖော်ထုတ်ဆောင်ရွက်ရန်လည်း
ရည်ရွယ်ထားတယ်လို့သိရပါတယ်။
ဒါ့အပြင် ငွေဆောင်၊ချောင်းသာကမ်းခြေများကို အပန်းဖြေခရီးသွားများပိုမိုလာရောက်လည်ပတ်ရန်ရည်ရွယ်ပြီးမြန်မာအမျိုးသားလေကြောင်းလိုင်းမှ ပြည်တွင်းခရီးစဉ် အသစ်အဖြစ် ရန်ကုန် - ပုသိမ် - ညောင်ဦး - မန္တလေး ခရီးစဉ်များကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်မှစတင်ပြီး ပြေးဆွဲနေပြီဖြစ်တယ်လို့လည်းသိရပါတယ်။