Home  / News  / News Details

သတင်း အသေးစိတ်

လူဦးရေ(၇)သန်းကျော် ရှိနေတဲ့ ရန်ကုန်မြို့အတွင်းမှာ လူနေအဆောက်အအုံ ပေါင်း (၁)သန်း မပြည့်

Jul 14, 2023  /

လူဦးရေ(၇)သန်းကျော် ရှိနေတဲ့ ရန်ကုန်မြို့အတွင်းမှာ လူနေအဆောက်အအုံ ပေါင်း (၁)သန်း မပြည့်

Myanmar Property Dealer 


ရန်ကုန်တိုင်းအတွင်း ရွေ့ပြောင်းလုပ်သားများအပါအဝင် ခန့်မှန်းလူဦးရေ ခုနှစ်သန်းကျော် ရှိနေပေမဲ့ လူနေထိုင်နိုင်တဲ့ လူနေအဆောက်အအုံ စုစုပေါင်း တစ်သန်းတောင် ရှိမနေဘူးလို့ ဆောက်လုပ်ရေး လုပ်ငန်းနဲ့ ပတ်သက်တဲ့ အသိုင်းအဝန်းများ ထံက သိရပါတယ်။

မြို့နေလူဦးရေ အများစုဟာ ကိုယ်ပိုင်နေအိမ်များမရှိဘဲ အခန်းများငှားရမ်းနေထိုင်ခြင်း၊ တန်းလျားများတွင် နေထိုင်ခြင်းနဲ့အတူ ကျူးကျော်နေအိမ်တဲများ ဆောက်လုပ်နေထိုင် နေကြသည်မှာ ရန်ကုန်မြို့တွင်းရှိ မြို့နယ်တိုင်း မှာ ရှိနေတယ်လို့လည်း သိရပါတယ်။


''ရန်ကုန်မြို့မှာ အနယ်နယ်အရပ်ရပ်က လာရောက်အလုပ်လုပ်ကိုင်နေကြရတဲ့ ရွေ့ပြောင်းလုပ်သားများ အပြင် အခုဆိုရင် နယ်ဒေသတွေမှာ နယ်မြေမအေးချမ်းမှုတွေရဲ့ ရိုက်ခတ်မှုအနေနဲ့ မြို့ကြီးတွေဘက်ကို ရှောင်လာကြတဲ့သူတွေပါ ရှိနေကြတာကြောင့် အခုဆိုရင် ရန်ကုန်လူဦးရေဟာ ၇သန်းကျော် ၈သန်းနီးပါ ရှိနေတယ်။ သို့ပေမယ့် လူနေအခန်းများမှာ ၁သန်းတောင်ရှိမနေတာကြောင့် အိမ်တစ်အိမ် အခန်းတစ်ခန်းမှာ ပျမ်းမျှလူဦးရေ ၇ယောက်လောက် နေနေကြရကြောင်း၊ ဒီအတွက်ကြောင့် ရန်ကုန်မြို့မှာ လူနေအခန်းများ အရေးတကြီး လိုအပ်လျက် ရှိနေတယ်လို့'' ဆောက်လုပ်ရေးနယ်ပယ်ကနေ သိရှိရပါတယ်။


လက်ရှိ မြန်မာနိုင်ငံရဲ့လူဦးရေနဲ့ ပါတ်သက်ပြီး ၂ဝ၂၁ခုနှစ် အောက်တိုဘာလ ၁ရက်မှာ ထွက်ရှိလာတဲ့ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ခန့်မှန်းလူဦးရေ စုစုပေါင်းမှာ (၅၅ ဒသမ ၂) သန်းကျော် ရှိနေတယ်လို့ သိရပြီး အဆိုပါ စာရင်းများမှာ ၂ဝ၁၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အချက်အလက်များကို အခြေခံပြီး ပြုစုခဲ့ထားတာဖြစ်တယ်လို့လည်း သိရှိရပါတယ်။

#လူနေတိုက်ခန်းလိုအပ်ချက်