Home  / News  / News Details

သတင်း အသေးစိတ်

ပြင်ဦးလွင်မြို့ရှိ သစ်တောမြေ (၄၈.၇၄)ဧကအား တရားဝင်ခွင့်ပြုချက်မရှိဘဲ အကွက် ရိုက်ဆောင်ရွက်နေသူများကိုဥပဒေအရအရေးယူဆောင်ရွက်လျက်ရှိတယ်လို့သိရ။

Jan 26, 2023  /

ပြင်ဦးလွင်မြို့ရှိ သစ်တောမြေ (၄၈.၇၄)ဧကအား တရားဝင်ခွင့်ပြုချက်မရှိဘဲ အကွက် ရိုက်ဆောင်ရွက်နေသူများကိုဥပဒေအရအရေးယူဆောင်ရွက်လျက်ရှိတယ်လို့သိရ။

ဇန်နဝါရီလ (၂၆)

Myanmar Property Dealer

မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်မြို့နယ်အတွင်းရှိလယ်ယာမြေ၊ မြေလွတ်မြေရိုင်းနှင့်သစ်တောမြေများတွင် တရားဝင်ခွင့်ပြုချက်မရှိဘဲအကွက် ရိုက်ဆောင်ရွက်နေခြင်းများကိုစစ်ဆေးတွေ့ရှိသဖြင့် အရေးယူထားတယ်လို့ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများထံမှသိရပါတယ်။

ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များခေါင်းဆောင်တဲ့ ကွင်းဆင်းစိစစ်ရေး အဖွဲ့(၄)ဦးမှ နယ်မြေအလိုက်ခွဲခြားပြီးစစ်ဆေးတွေ့ရှိချက်အရ သစ်တောမြေအတွင်းလူပုဂ္ဂိုလ်၃၃ဦးတို့မှ ခွင့်ပြုချက်မရှိဘဲ (၄၈.၇၄)ဧကအားကျူးလွန်အသုံးပြုထားသဖြင့် ကျူးကျော်ဝင်ရောက်သူများကိုထွက်ခွာ သွားစေရန်အကြောင်းကြားစာများထုတ်ပြန်ခြင်း၊သတ်မှတ်ရက်အတွင်းဖယ်ရှားခြင်းမရှိသူများအားသစ်တောဥပဒေပုဒ်မ-၄၀ (က)(၁)၊၄၀ (က)(၃)တို့အရအရေးယူဆောင်ရွက်လျက်ရှိတယ်လို့လည်းသိရပါတယ်။


#myanmarpropertydealer