ရန်ကုန်တိုင်းအတွင်း
ကွန်ဒို၊တိုက်ခန်းလိုအပ်ချက်များဆက်လက်မြင့်တက်နေဆဲဟုသိရ
မတ်လ( ၂၂ )ရက်။
Myanmar Property Dealer
ရန်ကုန်တိုင်းအတွင်း
လူဦးရေ (၇)သန်းကျော်ရှိနေပြီး အနယ်နယ်အရပ်ရပ်မှရွေ့ပြောင်းလုပ်ကိုင်သူများဝင်ရောက်နေထိုင်ခြင်း၊လူဦးရေထူထပ်များပြားလာခြင်းကြောင့်လက်ရှိဆောက်လက်စနဲ့
ဆောက်လုပ်ပြီး ကွန်ဒို ၊တိုက်ခန်းများ အနေဖြင့်လုံလောက်မှုမရှိပဲ လူနေအဆောက်အအုံလိုအပ်မှုများစွာရှိနေသေးတယ်လို့
ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှသိရပါတယ်။
‘’တိုက်ခန်းတွေလုံလောက်ပြီလားဆိုရင်မလုံလောက်သေးပါဘူး ။ ကျွန်တော်တို့ (၉၀)ခုနှစ် ပတ်ချာလည်မှာဆောက်ထားတဲ့ တိုက်ခန်းတွေကအခုဆိုရင် ပြန်ဆောက်ရမဲ့အခြေနေတောင်ရောက်နေပြီ ဆိုတော့တိုက်ခန်းလိုအပ်ချက်က တော့ရှိနေအုံးမှာ၊ဒါဘာကိုဆိုလိုတာလဲဆိုရင်ဆောက်လုပ်ရေးလုပ်ငန်းတွေမှာရင်းနှီးမြုပ်နှံမှုလုပ်ရင်ကောင်းနိုင်တဲ့အဓိပ္ပါယ်ကိုပြောတာပါ’’ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက MPDကို အခုလိုပြောလာပါတယ်။
လက်ရှိမြန်မာနိုင်ငံတွင် တည်ဆောက်လျက်ရှိသော ကွန်ဒိုမီနီယံများရဲ့ ၆၀ရာခိုင်နှုန်းကျော်/၇၀ရာခိုင်နှုန်းခန့်ဟာ ရပ်တန့်နေကြောင်း ဆောက်လုပ်ပြီးနှင့် ဆောက်လုပ်ဆဲ ကွန်ဒိုအားလုံး၏ ၈၅ရာခိုင်နှုန်းခန့်မှာ ရန်ကုန်မြို့တွင် အများဆုံးရှိပြီး ကျန်၁၅ ရာခိုင်နှုန်းခန့်မှာ မန္တလေးနှင့်မြိတ်မြို့တို့တွင် အများဆုံးဖြစ်ကြောင်း ကွန်ဒိုမီနီယံနှင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါတယ်။