Home  / News  / News Details

သတင်း အသေးစိတ်

အထပ်မြင့်အဆောက်အအုံဆောက်လုပ်ခွင့်ရပ်ဆိုင်းခံထားရသည့် လုပ်ငန်းရှင်များအနေဖြင့် ချေးငွေဘဏ်တိုးနှုန်းများ ဆိုင်းငံ့ပေး ရန်လိုလားနေ။

Aug 12, 2022  /

အထပ်မြင့်အဆောက်အအုံဆောက်လုပ်ခွင့်ရပ်ဆိုင်းခံထားရသည့် လုပ်ငန်းရှင်များအနေဖြင့် ချေးငွေဘဏ်တိုးနှုန်းများ ဆိုင်းငံ့ပေး ရန်လိုလားနေ။

Myanmar Proprety Dealar

ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အနေဖြင့် တည်ဆောက်ရေးလုပ်ငန်းများရပ်ဆိုင်းထားသော်လည်း ဘဏ်တိုးအနေဖြင့် ရပ်တန့်ခြင်းမရှိဘဲ တိုးရင်းပေါင်းများ နှစ်စဉ်ပေးနေရသည့်အတွက်၊လည်းကောင်းတို့ချေးယူထားသည့် ချေးငွေဘဏ်တိုးများ ဆိုင်းငံ့ပေး ထားရန်လိုလား လျက်ရှိနေသည်ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်အသိုင်းအဝန်းထံမှသိရသည်။

ချေးငွေများချေးယူခြင်းနှင့်ပတ်သက်ပြီး “ငွေချေးငှားတဲ့အတိုးနှုန်းပေါ်မှာမူတည်ပါတယ်။ အစိုးရဆီမှာနဲ့ ပုဂ္ဂိုလိက ဘဏ်ရဲ့အတိုးနှုန်းကတော့တူမှာ မဟုတ်ဘူး။ ငွေချေးတာကတော့ ပုဂ္ဂိုလိကဆီကနေချေးယူမယ်ဆိုရင် ၁.၂ ရာခိုင်နှုန်း ထက်မများရဘူးလို့တော့ ဥပဒေပြဌာန်းထားတယ်။ ပြီးတော့ ကျွန်တော်တို့ဘဏ်တွေမှာငွေချေးရင်လည်း အပြင်ဘဏ်တွေမှာချေး တာများတယ်။ ဥပမာ-သိန်း၂၀၀၀ တန်လုပ်ငန်းတစ်ခုနဲ့ဘဏ်မှာငွေချေးမယ်ဆိုပါတော့၊ ဘဏ်မှာလုပ်ငန်းစာချုပ်ပြမယ်။ ပြီးရင်ဌာနနှင့်ကုမ္ပဏီစာချုပ်ပြမယ်၊ ညွှန်မှူးအဆင့်ရှိတဲ့ဌာနရဲ့ထောက်ခံချက်ပါရင် ဘဏ်မှာချေးငွေယူလို့ရပြီ’’ဟုလုပ်ငန်းရှင်တစ်ဦးဆိုသည်။

 

ပြီးခဲ့သည့်နှစ်၂၀၁၅ ခုနှစ်တွင်အစိုးရကအထပ်မြင့်တည်ဆောက်မှုများ ရပ်ဆိုင်းခဲ့ခြင်းကြောင့် တိုက်ခန်းဈေးကွက်များ ကျဆင်းသွားခဲ့ရာမှ လက်ရှိတွင် ဆောက်လုပ်ရေး ကုမ္ပဏီများရပ်တည်နိုင်ရေးအတွက် မနည်းရုန်းကန်ပြီး ရောင်းချနေကြသည်ဟုလည်းသိရသည်။

“ဆောက်လုပ်ရေးလုပ်ငန်းတွေရပ်ဆိုင်းတယ်ဆိုတာက တစ်လ၊ နှစ်လရပ်ဆိုင်းတာမဟုတ်ဘူး၊ တကယ်ရပ်ဆိုင်း တာကလုပ်ငန်းတွေကို စိစစ်မယ့်ကာလကို ဘယ်လောက်ကြာမယ်ဆိုတာလည်းမသိရဘူး၊ ဥပမာ-ခြောက်လ ပဲပြောကြည့်ရအောင်။ လုပ်ငန်းခွင်တစ်ခုမှာ ခြောက်လပဲ ရပ်ဆိုင်းတယ်ထားပါတော့။ သူကဒီအဆောက်အအုံကို(၂)နှစ်အတွင်း အပြီးဆောက်ရမှာ၊ အဲဒီအတွက်လုပ်ငန်းရှင်တွေကဘဏ်တွေကနေ ငွေချေးပြီးလုပ်ကြရတယ်။ ပထမခြောက်လအတွင်းမှာ အတိုးတော့ဆပ်နေရပေမယ့် သိပ်ပြဿနာမရှိ​သေးဘူး။ မျှော်လင့်ချက်ကရှိနေသေးတာကိုး။ ဒုတိယခြောက်လမှာပြဿနာရှိ လာပြီ၊ လုပ်ငန်းတွေရပ်ဆိုင်းသွားပြီးဆိုတာနဲ့ သူက ဘဏ်မှာအတိုးရင်းပေါင်းကတော့ပေးနေရမှာ။ ဘဏ်ကလည်း အလုပ်ရပ်ဆိုင်းသည်ဖြစ်စေ၊ မရပ်ဆိုင်း သည်ဖြစ်စေ သူ့ရဲ့ဘဏ်တိုးကတော့နှစ်စဉ်သတ်မှတ်ထားတဲ့အတိုင်းတက်နေတာပဲ။ ဒီလို့နဲ့တစ်ချို့လုပ်ငန်းရှင် တွေဆိုရင် အရှုံးပေါ်တဲ့အပြင် အကြွေးတွေပါထပ်ပြီးတော့တင်တော့တာပဲ’’ဟု ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခုမှ မန်နေဂျာတစ်ဦးကပြောသည်။

 မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေလုပ်ငန်းများ စုစုပေါင်း၏ သုံးပုံ/ နှစ်ပုံခန့် ရပ်နားထားရခြင်းကြောင့် ဆောက်လုပ်ရေးလုပ်သား ၈သိန်းဝန်းကျင် အလုပ်လက်မဲ့ ပြဿနာ ရင်ဆိုင် နေရကြောင်း ထိပ်တန်းဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီး တစ်ဦး၏ ထုတ်ဖော်ပြောကြားချက် အရ သိရသည်။

 

 

 

#ဘဏ်တိုးနှုန်းဆိုင်းငံ့

#အထပ်မြင့်အဆောက်အအုံများရပ်ဆိုင်း

#အိမ်ခြံမြေလုပ်ငန်းများ စုစုပေါင်း၏ သုံးပုံ/ နှစ်ပုံခန့် ရပ်နားထားရ

#ထိပ်တန်းဆောက်လုပ်ရေးလုပ်ငန်း

Website Link- https://myanmarpropertydealer.com/en

App Link-https://play.google.com/store/apps/details...

Youtube Link-https://www.youtube.com/channel/UCsHbWEX-0Xs3Dxx8yZXBc0Q