ကွန်ဒိုတိုက်ခန်းများကို နိုင်ငံခြားသားများတရားဝင်အမည်ပေါက်ဝယ်ယူခွင့်ရတော့မည်
ဇွန်(၂၃)ရက်။
Myanmar Property Dealer
ကွန်ဒိုဥပဒေနှင့်အညီစုပေါင်းပိုင်မြေပေါ်မှာ ဆောက်လုပ်ထားတဲ့ ကွန်ဒိုတိုက်ခန်းများကိုနိုင်ငံခြားသားများအနေဖြင့် တရားဝင်ဝယ်ယူခွင့်ရရှိတော့မှာဖြစ်တယ်လို့သိရပါတယ်။
စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေ (ကွန်ဒိုမီနီယံဥပဒေ)အရ မြန်မာနိုင်ငံတွင် နိုင်ငံခြားသားများအနေဖြင့်အိမ်ခန်းများဝယ်ယူမည်ဆိုပါကဝယ်ယူခွင့်ရှိနေပြီး၊ရောင်းချသူလုပ်ငန်းရှင်များအနေဖြင့်လည်း နိုင်ငံခြားသားများကိုရောင်းချပါက ၄၀ရာခိုင်နှုန်းထက်မပိုတဲ့ အိမ်ခန်းများကိုရောင်းချခွင့်ရှိ နေပြီဖြစ်ကြောင်း သိရပါတယ်။
နိင်ငံခြားသားများအမည်ပေါက်တရားဝင်ကွန်ဒိုဝယ်ယူခွင့်ရရှိတာနဲ့ပတ်သက်ပြီး ‘’ ကွန်ဒို ဥပဒေ နဲ့ အကောင်အထည်ဖော်တဲ့ ကွန်ဒိုဆိုတာ အခုမှ မြေအပ်တဲ့အဆင့်ပြီးတာ (၂)ခုပဲရှိသေးတယ်။ နိုင်ငံခြားသားက လည်းအခုမှ စဝယ်လို့ရတာပေါ့၊ဒီလိုဝယ်တဲ့အခါမှာလည်း ပြည်တွင်းနေ နိုင်ငံခြားသားများနှင့် ပြည်ပမှ ဝယ်ယူသူနိုင်ငံခြားသားများ ဆိုပြီး (၂)မျိုးရှိနေတယ်လို့ ‘’လည်းဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်။
ပြည်တွင်းနေ နိုင်ငံခြားသားများအနေဖြင့် မြန်မာနိင်ငံအတွင်းလာရောက်ရင်းနှီးမြုပ်နှံနေသူ၊ ဘာသာရပ်တစ်ခုခုတွင်ပရောဖက်ရှင်နယ်လုပ်ကိုင်နေသူနှင့်ရက်ပေါင်း၁၈၀ ပြည်တွင်းမှာနေထိုင်သူများအနေဖြင့် ဒေါ်လာအစားမြန်မာငွေဖြင့် ကွန်ဒိုတိုက်ခန်းများဝယ်ယူနိုင်မှာဖြစ်တယ်လို့လည်းသိရပါတယ်။
ပြီးခဲ့တဲ့ နှစ် ၂၀၁၆ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ ပြဋ္ဌာန်းလိုက်တဲ့ စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေအရ စုပေါင်းပိုင်အဆောက်အအုံ၏၄၀ရာခိုင်နှုန်းထက်မပိုသော အိမ်ခန်းများကိုနိုင်ငံခြားသားများအားဤဥပဒေနှင့်အညီရောင်းချပိုင်ခွင့်ရှိသည်ဟုပါရှိကြောင်းတွေ့ရပါတယ်။
#နိင်ငံခြားသားဝယ်ယူခွင့်
#စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေ
# ကွန်ဒိုမီနီယံဥပဒေ
#myanmarpropertydealer
#မြန်မာအိမ်ခြံမြေသတင်းအတွက်MPD #yangon #property #stayinformed