Home  / News  / News Details

သတင်း အသေးစိတ်

နိုင်ငံပိုင်မြေနှင့်အဆောက်အဦ၊ တိုက်ခန်းနှင့် မြေကွက်များအား ရောင်းချရန် အိတ်ဖွင့်တင်ဒါခေါ်ယူထား

Jan 5, 2024  /

နိုင်ငံပိုင်မြေနှင့်အဆောက်အဦ၊ တိုက်ခန်းနှင့် မြေကွက်များအား ရောင်းချရန် အိတ်ဖွင့်တင်ဒါခေါ်ယူထား

ဇန်နဝါရီ (၅) ရက် Myanmar Property Dealer ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင် လက်ဝယ်ရှိ မြေနှင့်အဆောက်အဦ၊ တိုက်ခန်းနှင့် မြေကွက် စုစုပေါင်း(၂၄)ခုကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချရန် အိတ်ဖွင့်တင်ဒါခေါ်ယူထားတယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနကနေ သိရပါတယ်။ ဝယ်ယူလိုတဲ့ မြေနှင့်အဆောက်အဦ၊ တိုက်ခန်းနှင့် မြေကွက်များအား ကြော်ငြာသည့်နေ့မှစ၍ သွားရောက် ကြည့်ရှုနိုင်ပြီး ဝယ်ယူရန် အဆိုပြုလွှာ တင်သွင်းသည့် အချိန်မှာတော့ ဝယ်ယူမည့် မြေနှင့်အဆောက်အဦ၊ တိုက်ခန်းနှင့် မြေကွက်များအား ကြည့်ရှုစစ်ဆေးပြီး ဖြစ်ကြောင်း ဝန်ခံချက်ဖြင့် ပူးတွဲ တင်ပြရမှာဖြစ်ပါတယ်။ အိတ်ဖွင့်တင်ဒါစနစ်နဲ့ ရောင်းချမယ့် မြေနှင့်အဆောက်အဦ၊ တိုက်ခန်းနှင့် မြေကွက် စုစုပေါင်း(၂၄)ခု ရှိပါတယ်။
ကချင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့မှာရှိတယ့် မြေနှင့်အဆောက်အဦ၊ တိုက်ခန်းနှင့် မြေကွက်တွေကို ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။