ပုဂံညောင်ဦးမြို့နယ်ရှိ
ဟိုတယ်၊ တည်းခိုခန်းများတွင်လပြတ်ငှားရမ်းနေထိုင်မှုများရှိနေ
နိုဝင်ဘာလ(၃၀)ရက်။
Myanmar Property Dealer
မန္တလေးတိုင်းဒေသကြီး
၊ပုဂံညောင်ဦးမြို့နယ်အတွင်းရှိ
ဟိုတယ်၊ တည်းခိုခန်းတချို့တွင်လပြတ်ငှားရမ်း
နေထိုင်မှုများ ရှိနေတယ်လို့သိရပါတယ်။
ပုံမှန်အားဖြင့်
သီတင်းကျွတ်အားလပ်ရက်၊တန်ဆောင်တိုင်ရုံးပိတ်ရက်များတွင်
ပုဂံဒေသကို ဘုရားဖူးများ လာရောက်လျက်ရှိတဲ့အတွက် ဟိုတယ်နှင့်
တည်းခိုခန်းများ လူပြည့်လျှံနေတက်ပေမယ့် ယခု အခါမှာတော့ တခြားဒေသများမှလာရောက်ပြီးဟိုတယ်၊
တည်းခိုခန်းများမှာလပြတ်ငှားရမ်း
နေထိုင်ကြတာ လည်းဖြစ်ပါတယ်။
ဒီလိုအေးချမ်းတဲ့နယ်မြေတွေမှာလာရောက်နေထိုင်ရခြင်းက
ကိုယ်နေတဲ့အရပ်ဒေသတွေမှာနယ်မြေတည်
ငြိမ်မှုတွေမရှိ တာကြောင့် ခေတ္တလာရောက်ပြီးစစ်ဘေးရှောင်ကြတာလို့လည်းသိရပါတယ်။
ရပ်ကွက်ထဲမှာငှားရမ်းနေထို င်တဲ့အခါမှာ
နှစ်ရှည်စာချုပ်များချုပ်ဆိုရခြင်း၊အခြားသောကိစ္စရပ်များကြောင့်
ငွေကြေးတက်နိုင်သူများအနေဖြင့်
အလွယ်တကူငှားရမ်းနေထိုင်လို့ရတဲ့ဟိုတယ်၊တည်းခိုခန်းများမှာမိသားစုအလိုက်လာရောက်နေထိုင်ကြတာ
လည်း ဖြစ်ပါတယ်။
လက်ရှိ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းမှာ
ဟိုတယ် ၈၁ လုံးရှိနေတယ်လို့လည်း ဟိုတယ်နှင့် ခရီးသွား
ညွှန်ကြားမှု ဦးစီးဌာန(ပုဂံရုံးခွဲ)ကနေ သိရပါတယ်။
#ပုဂံညောင်ဦး