Home  / News  / News Details

သတင်း အသေးစိတ်

ရန်ကုန်တိုင်းအတွင်း ဖော်ထုတ်လုပ်ကိုင်မှုမရှိတဲ့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဧက ၆၉၆ ကျော်ကို နိုင်ငံတော်မှ ပြန်လည်သိမ်းဆည်း

Jun 2, 2026  /

ရန်ကုန်တိုင်းအတွင်း ဖော်ထုတ်လုပ်ကိုင်မှုမရှိတဲ့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဧက ၆၉၆ ကျော်ကို နိုင်ငံတော်မှ ပြန်လည်သိမ်းဆည်း

ဇွန် (၂)ရက်။

Myanmar Property Dealer

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုအဖွဲ့မှ ခွင့်ပြုထားသော်လည်း သတ်မှတ်ကာလအတွင်း ဖော်ထုတ်လုပ်ကိုင်မှုမရှိတဲ့ မြေဧရိယာများကို ပြန်လည်သိမ်းဆည်းလိုက်ကြောင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီက ထုတ်ပြန်တဲ့အမိန့်ကြော်ငြာစာအမှတ် (/၂၀၂၆) အရ သိရပါတယ်။

 အဆိုပါအမိန့်အရ ရန်ကုန်တိုင်းဒေသကြီးအတွင်း ခွင့်ပြုဧရိယာအား သတ်မှတ်ကာလ () နှစ်အတွင်း လုံးဝဖော်ထုတ်လုပ်ကိုင်မှုမရှိတဲ့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဧရိယာ ၄၇၁.၆၆ ဧကနှင့် တစ်စိတ်တစ်ပိုင်းသာ ဖော်ထုတ်စိုက်ပျိုးထားတဲ့ ဧရိယာ ၂၂၄.၆၇ ဧကတို့ကို ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်နေ့မှစတင်ကာ လုပ်ပိုင်ခွင့်နှင့် အသုံးပြုခွင့်များ ရုပ်သိမ်းပြီး နိုင်ငံတော်မှ ပြန်လည်သိမ်းဆည်းလိုက်ခြင်းဖြစ်ပါတယ်။

ဒီလို ပြန်လည်သိမ်းဆည်းရာတွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၂ (က) () နှင့် နည်းဥပဒေ ၅၇ () တို့အရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ခွင့်ပြုမိန့်ရရှိထားသူများမှ ပေးသွင်းထားတဲ့ အာမခံကြေးများကိုလည်း နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းလိုက်ကြောင်း ဖော်ပြထားရှိပါတယ်။

ပြန်လည်သိမ်းဆည်းခံရတဲ့ စာရင်းတွင် မှော်ဘီ၊ မှော်ဝတီ၊ လှည်းကူးနှင့် တိုက်ကြီးမြို့နယ်များရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအတွက် ခွင့်ပြုထားတဲ့ မြေဧရိယာများ ပါဝင်ပြီး ရော်ဘာ၊ သီဟို၊ သရက်၊ မာလကာ၊ ငှက်ပျောနှင့် နှစ်ရှည်ပင်စိုက်ပျိုးရေးလုပ်ငန်းများအတွက် ခွင့်ပြုထားတဲ့ မြေများလည်း ပါဝင်ကြောင်း သိရပါတယ်။

 ဒါ့အပြင် ယခင်ကလည်း စိုက်ပျိုးလုပ်ကိုင်မှုမရှိတဲ့ မြေဧရိယာအချို့ကို ၂၀၂၀ ပြည့်နှစ်တွင် ပြန်လည်သိမ်းဆည်းခဲ့ပြီးဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားရှိပါတယ်။

 မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီသည် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖော်ထုတ်လုပ်ကိုင်ခြင်းမရှိတဲ့ မြေဧရိယာများကို ဆက်လက်စိစစ်ကာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။