ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ် (၇)လမ်းမကြီးအနီးတွင်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့ ပြည်သူအငှါးအိမ်ရာစီမံကိန်းကို လာမဲ့ ဘဏ္ဍာနှစ်တွင် တည်ဆောက်ရေးလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးမှာဖြစ်တယ်လို့လည်းသိရပါတယ်။
မြန်မာနိုင်ငံ ဆောက်လုပ် ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်က လက်ရှိတည်ဆောက်နေတဲ့ အဆောက် အဦ ၉၇ လုံး၏ တည်ဆောက် ရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှု မှာ ၇၅ ရာခိုင်နှုန်း ဆောင် ရွက်ပြီးစီးနေပြီး၊စီမံကိန်းအတွင်းရှိ မြို့ပြအခြေခံ အဆောက်အဦဖြစ်သော လမ်း၊ အုတ်ရေမြောင်း၊ Box Culvert နှင့် ရေသန့်လုပ်ငန်း ၉၃ ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးနေပြီဖြစ် တယ်လို့လည်းသိရပါတယ်။
‘’ ပြည်သူ့အငှားအိမ်ရာ စီမံ ကိန်း မှာပါတဲ့ အဆင့်မြင့်အိမ်ခန်းပေါင်း ၃၁၀၄ ခန်း ကို ကျွန်တော်တို့ မြန်မာနိုင်ငံဆောက်လုပ် ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ် (MCEF) က အဆောက် အဦ ၉၇ လုံး၊ မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ် (MLCA) ကအဆောက် အဦ ၉၇ လုံးကိုတည်ဆောင်နေတာဖြစ်ပြီးလာမယ့်နှစ်မှာပြီးစီးမှာပါလို့ ‘’မြန်မာနိုင်ငံဆောက်လုပ် ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ် (MCEF)မှ အထွေထွေအတွင်းရေးမှူး ချုပ်ဦးမျိုးမြင့်ကပြောပါတယ်။
ပြည်သူ့အငှားအိမ်ရာစီမံကိန်းကို အိမ်ရာမဝယ်ယူနိုင် သေးတဲ့ ဝင်ငွေနည်းပြည်သူ များ၊ အငြိမ်းစားဝန်ထမ်းများ၊ အငြိမ်းစားယူရန် နီးကပ်နေ တဲ့ဝန်ထမ်းများ၊ ဝင်ငွေနည်း ကုမ္ပဏီဝန်ထမ်းများ နေထိုင် ရေး အဆင်ပြေစေရန်ရည်ရွယ် ကာ ဆောင်ရွက်နေခြင်းဖြစ်ပြီး၊နေပြည်တော်တွင် အဆောက်အအုံ ၂၈ လုံး၊ ရန်ကုန်တွင် အဆောက်အအုံ ၁၉၄ လုံး၊ မန္တလေးတွင် အဆောက်အအုံ ၉၁ လုံး တည်ဆောက်နေတာပဲဖြစ်ပါတယ်။