Home  / News  / News Details

သတင်း အသေးစိတ်

မင်္ဂလာရန်ကင်းပြည်သူ့အငှား အိမ်ရာရှိ အိမ်ခန်းများကို ပြည်သူ ဝန်ထမ်းနှင့် အငြိမ်းစားများ ငှားရမ်းနေထိုင်နိုင်

Mar 3, 2024  /

မင်္ဂလာရန်ကင်းပြည်သူ့အငှား အိမ်ရာရှိ အိမ်ခန်းများကို ပြည်သူ ဝန်ထမ်းနှင့် အငြိမ်းစားများ ငှားရမ်းနေထိုင်နိုင်


မတ် (၄) ရက်

Myanmar Property Dealer


မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ် ရှင်တော်ကုန်းကျေးရွာအနီးတွင် အကောင်အထည် ဖော်တည်ဆောက်ပြီးစီးတဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများအား ပြည်သူများ၊ လက်ရှိတာဝန် ထမ်းဆောင်ဆဲဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအား ငှားရမ်းပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ငှားရမ်းနေထိုင်လိုပါက အောင်မြေသာစံမြို့နယ် ၆၆ လမ်း၊ ၁၆ လမ်းနှင့် ၁၉လမ်းကြားရှိ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန မန္တလေး တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် ဧပြီ ၁၈ ရက်မှမေ ၁၇ ရက်အထိ ရုံးချိန်အတွင်းလျှောက်လွှာများရောင်းချပေးလျက်ရှိပြီး ဧပြီ ၂၅ ရက်မှမေ ၁၉ ရက်အထိ လျှောက်လွာများ ပြန်လည်လက်ခံပေးမည်ဖြစ်ကြောင်း မင်္ဂလာရန်ကင်းပြည်သူ့အငှားအိမ်ရာ အိမ်ခန်း နေရာချထားရေး  ကော်မတီက အသိပေးကြေညာထားရှိပါတယ်။


မင်္ဂလာရန်ကင်းပြည်သူ့ အငှားအိမ်ရာမှာလေးခန်းတွဲ ငါးထပ်အဆောက်အဦအမျိုးအစားဖြစ်ပြီး အခန်းပေါင်း ၁၄၅၆ ခန်းရှိပါတယ်။


အဆိုပါ အဆောက်အဦ၏ အောက်ဆုံးထပ်ကို  အများပိုင်နေရာအဖြစ် သတ်မှတ်ထားပြီး အခန်းငှားခအနေဖြင့် ပထမထပ်ကို ငွေကျပ် ၅၀၀၀၀၊ ဒုတိယထပ်ကို ငွေကျပ် ၄၅၀၀၀၊ တတိယအထပ်ကို ငွေကျပ် ၄၀၀၀၀၊ အပေါ်ဆုံးထပ်ကိုငွေကျပ် ၃၃၀၀၀ နှုန်းသတ်မှတ်ထားကြောင်းမင်္ဂလာရန်ကင်းပြည်သူ့အငှားအိမ်ရာလက်ထောက်ညွှန်ကြားရေးမှူး ဦးမြတ်ကောင်းထိုက်ထံမှ သိရပါတယ်။