အမေရိကန်နိုင်ငံ ၊ကာလီဖိုးနီးယား Hidden Hills က ၃ ဧက နီးပါးကျယ်တဲ့ ခြံနဲ့ ဇိမ်ခံအိမ်ကြီးကို သရုပ်ဆောင်စမိုင်းလ်တို့ဇနီးမောင်နှံက ဒေါ်လာ ၁၆.၇ သန်းနဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး၊ယခုလ စက်တင်ဘာလ (၁၀) ရက်နေ့မှာတော့ ဇိမ်ခံအိမ်ကြီးရဲ့ အိမ်သစ် တက်ပွဲကို နိုင်ငံတကာမှာ သီတင်းသုံး နေတဲ့ပင့်သံဃာပေါင်း ၁၉၉ပါး ပါးကိုပင့်ဖိတ်ပြီးအန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင်“ကျွန်မတို့ရဲ့အိမ်ကလေးအတွက်အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ခြင်းအခမ်းအနား ကျွန်မရဲ့ဆရာတော်ဘုရားတွေသင်ပေးထားတယ် ကိုယ်ရောက်တဲ့နေရာမှာသာသနာပြန့်ပွါးအောင်လုပ်တဲ့မြန်မာအပြင် နိုင်ငံတကာကသံဃာပေါင်း ၁၉၉ပါး စုစည်းညီညွတ်ပြီးဗုဒ္ဓဘာသာ သာသနာကိုအမေရိကန်နိုင်ငံမှာ ပထမဆုံးပင့်ဖိတ်အိမ်တက်အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ခဲ့ပါတယ်။ ကုသိုလ်များထပ်တူရကြပါစေ” ဆိုပြီး တော့ ပင့်သံဃာတော် ၁၉၉ပါးကိုဖိတ်ကာ တရားနာနေတဲ့ပုံတွေနဲ့အတူ သရုပ်ဆောင်စမိုင်းလ်က သူမရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ဝေမျှခဲ့တာဖြစ်ပါတယ်။
သရုပ်ဆောင်စမိုင်းလ်တို့ ဇနီးမောင်နှံကအဆိုပါဇိမ်ခံအိမ်ကြီးကို ဒီနှစ်ဩဂုတ်လ၅ရက်နေ့ ကဝယ်ယူခဲ့တယ်လို့ သတင်းထွက် ပေါ်ခဲ့တုန်းက လူမှုကွန်ရက်စာမျက်နှာ မှာ သူတို့မိသားစုအတွက် ဝမ်းသာဆုတောင်းပေးကြတဲ့သူတွေအပြင် ဝေဖန်ပြောဆိုမှုတွေပါ မြင့်တက်ခဲ့တာ ဖြစ်ပါ တယ်။