Home  / News  / News Details

သတင်း အသေးစိတ်

မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်း(ဗဟို)၏ CEC/EC များကို ဩဂုတ်လ အတွင်း ပြန်လည်ရွေးချယ်မည်ဟုသိရ ။

Jul 14, 2023  /

မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်း(ဗဟို)၏ CEC/EC များကို ဩဂုတ်လ အတွင်း ပြန်လည်ရွေးချယ်မည်ဟုသိရ ။

ဇူလိုင်လ (   14  )ရက်။

Myanmar Property Dealer

မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း တည်ထောင်ချိန်မှ စတင်ပြီး ယခုချိန်အထိ (၁၁)နှစ်တိုင်တိုင် ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေသူအား အသင်းကြီးရဲ့ဗဟိုCEC/ECတို့ရဲ့ ဆုံးဖြတ်ချက်နဲ့အတူ တာဝန်မှ ရပ်ဆိုင်းပြီးနောက် ဩဂုတ်လအတွင်းမှာ ဗဟိုအလုပ်အမှုဆောင်၊အမှုဆောင်များ ပြန်လည် ရွေးချယ်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။

‘’ဒီလထဲမှာစတင်ပြီးတော့တိုင်းနဲ့ပြည်နယ်မှာရှိတဲ့အလုပ်အမှုဆောင်တွေကိုရွေးချယ်မယ်၊တိုင်းနဲ့ပြည်နယ်တွေအားလုံးရွေးချယ်ပြီးသွားရင်တော့ လာမည့်ဩဂုတ်လထဲမှာ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) အလုပ်အမှုဆောင်၊အမှုဆောင်တွေကိုရွေးချယ်ပြီးတော့မှအဲဒီထဲကနေ ဥက္ကဌ၊ဒုဥက္ကဌ၊အထွေထွေအတွင်းရေးမှူးချုပ်တွေကိုပြန်လည်ရွေးရမှာဖြစ်တယ်လို့’’ မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှု အသင်း  အထွေထွေအတွင်းရေးမှူးချုပ်ဒေါ်မို့မိုအောင်ကပြောပါတယ်။

မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်း ဗဟိုမှ အသင်းဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းများဖြစ်တဲ့ အပိုဒ်(၃၅)အရ ဗဟိုအလုပ်အမှုဆောင်နဲ့ အလုပ်အမှုဆောင်ကော်မတီတို့ရဲ့ သက်တမ်းကာလကို (၃)နှစ် သတ်မှတ်ထားပြီး၊ အပိုဒ်(၃၆)အရ အသင်းဥက္ကဌရဲ့ သက်တမ်းကိုလည်း တစ်ဆက်တည်း (၂)ကြိမ် (စုစုပေါင်း ၆နှစ်) အထိသာ ပြဌာန်းသတ်မှတ်ထားတယ်လို့လည်းသိရပါတယ်။

လက်ရှိတွင် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း အ‌ထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ ဒေါ်မို့မို့အောင်၊ ဒုဥက္ကဋ္ဌ ဦးသန်းဦးပါဝင်သော အဖွဲ့ နှင့် ဥက္ကဋ္ဌ ဦးခင်မောင်သန်းဦးဆောင်သော အဖွဲ့ဟူ၍ နှစ်ဖွဲ့ကွဲနေပြီး နှစ်ဘက်အပြန်အလှန် အသင်းမှထုတ်ပယ်ကြောင်း ကိုလည်းနိုင်ငံပိုင်သတင်းစာများတွင်ကြေညာထားရှိကြတာ လည်းဖြစ်ပါတယ်။