Home  / News  / News Details

သတင်း အသေးစိတ်

ခြံအမှတ် (၅၄) နေအိမ် ဈေးထပ်လျှော့ကာ လေလံတင်နိုင်ရန် ဦးအောင်ဆန်းဦးဘက်က တင်ပြ

Oct 24, 2024  /

ခြံအမှတ် (၅၄) နေအိမ် ဈေးထပ်လျှော့ကာ လေလံတင်နိုင်ရန် ဦးအောင်ဆန်းဦးဘက်က တင်ပြ

အောက်တိုဘာ (၂၅)

Myanmar Property Dealer

 ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့  ခြံအမှတ် (၅၄) နေအိမ်အတွက် လေလံကြမ်းခင်းဈေး ကျပ်ငွေ ဘီလီယံ ၂၉၀ ဖြင့် ဈေးလျှော့ကာ လေလံတင်ရောင်းချရန် ပြီးခဲ့တဲ့ အောက်တိုဘာ (၂၂ )ရက်နေ့ ရုံးချိန်းတွင် ဦးအောင်ဆန်းဦးဘက်က တင်ပြခဲ့တယ်လို့တရားရုံးနှင့် နီးစပ်သူများထံမှ သိရပါတယ်။

အဆိုပါ ခြံအမှတ်(၅၄)နေအိမ်ကို ကျပ်ငွေ (၃၁၅) ဘီလီယံနှင့် တစ်ကြိမ်၊ (၃၀၀)ဘီလီယံနှင့်တစ်ကြိမ် လေလံနှစ်ကြိမ်တိုင်တိုင်ရောင်းချခဲ့ပေမယ့်လည်း လေလံဆွဲ ဝယ်ယူသူမရှိကြောင်း သိရပါတယ်။

ဒါ့ကြောင့် ကမာရွတ်ခရိုင် တရားရုံးရဲ့ ရုံးချိန်းတွင် ဦးအောင်ဆန်းဦးဘက်က ကြမ်းခင်းဈေးကို ပြောင်းလဲသတ်မှတ်ရန် တင်ပြခဲ့ခြင်းဖြစ်ပြီး လာမယ့် နိုဝင်ဘာ (၁၃)ရက် ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေများက ပြန်လည်တင်ပြရန်ရှိနေပြီး နှစ်ဖက်စလုံး တင်ပြချက်များကို ကြားနာပြီးမှသာ တရားရုံးက ဆုံးဖြတ်သွားမှာဖြစ်တယ်လို့သိရပါတယ်။