Home  / News  / News Details

သတင်း အသေးစိတ်

ကြည့်မြင်တိုင်ရှိ သီရိမင်္ဂလာဈေးဟောင်းနေရာတွင် အထပ်မြင့်အဆောက်အဦ ဆောက်မည်ဟုသိရ။

Aug 8, 2024  /

ကြည့်မြင်တိုင်ရှိ သီရိမင်္ဂလာဈေးဟောင်းနေရာတွင် အထပ်မြင့်အဆောက်အဦ ဆောက်မည်ဟုသိရ။

ဩဂုတ်လ ( ၈)ရက်။

Myanmar Property Dealer 

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်ရှိ သီရိမင်္ဂလာဈေးဟောင်းအဆောက်အုံနေရာတွင် အထပ်မြင့်အဆောက်အဦ ဆောက်လုပ်သွားမှာဖြစ်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရပါတယ်။

အဆိုပါ သီရိမင်္ဂလာဈေးဟောင်းအဆောက်အုံကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၇ရက်နေ့တွင် နောက်ဆုံးထားပိတ်သိမ်းခဲ့တာလည်းဖြစ်ပါတယ် ။

" အထပ်မြင့်အဆောက်အဦ ဆောက်လုပ်သွားဖို့ရှိပါတယ်။ အဲဒီအတွက် တင်ဒါခေါ်ဖို့ရှိတယ်။ အတိအကျတော့ မသိရသေးဘူး။ ဒီတိုင်းထားရင်လည်း နှမြောစရာကြီးလေ" ဟုရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

သီရိမင်္ဂလာဈေးဟောင်းအဆောက်အုံကို အန္တရာယ်ရှိအဆောက်အဦအဖြစ် ၂၀၁၇ခုနှစ် ဩဂုတ်လ ၁၆ရက်နေ့တွင် သတ်မှတ်ခဲ့ကာ ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်မှစပြီး လုပ်ငန်းများကို သက်တမ်းတိုးခွင့်မပြုဘဲ ပိတ်သိမ်းပယ်ဖျက်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရပါတယ်။

ယခုအခါ အန္တရာယ်ရှိအဆောက်အဦအဖြစ် သတ်မှတ်ထားတဲ့ အဆောက်အအုံတွင် လူနေထိုင်ခြင်း၊ လုပ်ငန်းလုပ်ကိုင်ခြင်းနှင့် လုပ်ငန်းသုံးပစ္စည်းများ ထားရှိခြင်းကို တည်ဆဲဥပဒေများအရ ခွင့်မပြုတော့ဘဲ လက်ရှိတွင် အဆိုပါအဆောက်အအုံကို တင်ဒါခေါ်ယူပြီး ဖြိုချဖျက်သိမ်းခဲ့ပြီးလည်းဖြစ်ပါတယ်။ (သဲမိုး)