Home  / News  / News Details

သတင်း အသေးစိတ်

စားဝတ်နေရေးမှာ နေစရာကအဓိကလိုဖြစ်နေတာကြောင့် အိမ်ခြံမြေလုပ်ငန်းက ဆက်လက်တည်ရှိနေမှာပါ ဆိုတဲ့ နေပြည်တော်အိမ်ခြံမြေအသင်းရဲ့ နာယက ဦးဝင်းဇော်

Sep 27, 2022  /

စားဝတ်နေရေးမှာ နေစရာကအဓိကလိုဖြစ်နေတာကြောင့် အိမ်ခြံမြေလုပ်ငန်းက ဆက်လက်တည်ရှိနေမှာပါ ဆိုတဲ့ နေပြည်တော်အိမ်ခြံမြေအသင်းရဲ့ နာယက ဦးဝင်းဇော်
Myanmar Property Dealer
ပြည်တွင်းအခြေအနေအရ လက်ရှိတိုးတက်ဖြစ်ထွန်းနေတဲ့စီးပွားရေးလုပ်ငန်းမှာ အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်း လည်းပါဝင်နေပြီး စီးပွားရေးလုပ်လိုသူတွေကြားမှာလည်း စိတ်ဝင်စားမှုမြင့်တက်နေပါတယ်။
အိမ်ခြံမြေလုပ်ငန်းကို ရပ်ကွက်တွင်း၊ မြို့နယ်တွင်း တနိုင်တပိုင် မိမိတစ်ဦးတည်းလုပ်ဆောင်တဲ့သူတွေလည်းရှိသလို မြန်မာနိုင်ငံ အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းကြီးလို အဖွဲ့အစည်းမျိုးနဲ့ ချိတ်ဆက်လုပ်ဆောင်တာတွေလည်း ရှိပါတယ်။
အိမ်ခြံမြေဈေးကွက်အနေနဲ့က လက်ရှိမှာဈေးနှုန်းမြင့်တက်နေပေမယ့်လည်း ရောင်းဝယ်မှုတွေက ဆက်တိုက် များလာတယ်လို့ သိရပါတယ်။
“လက်ရှိအိမ်ခြံမြေဈေးကွက်ကတော့ မြေဆိုတာကတော့ တိုးလာတာမရှိဘူးပေါ့လေ မြေကတော့ ကျယ်လာတာ မရှိဘူး ဒါပေမယ့် လက်ရှိအခြေအနေကတော့ လွန်ခဲ့တဲ့တစ်နှစ်ထက်တော့ နှစ်ဆ သုံးဆလောက် ဈေးနှုန်းတွေ တိုးတက်သွားတယ်။ အိမ်ခြံမြေလုပ်ငန်းဆိုတာရယ် လူတွေက စားဝတ်နေရေးဆိုပေမယ့်လည်း နေစရာက အဓိက လိုဖြစ်နေတော့ လူတွေရှိနေသရွေ့ကတော့ ဒီလုပ်ငန်းကြီးက ဆက်လက်ပြီးရှိနေမယ်လို့ထင်ပါတယ်" ဟု မြန်မာနိုင်ငံအိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း နေပြည်တော်အသင်းရဲ့ နာယက တစ်ဦးဖြစ်တဲ့ ဦးဝင်းဇော်က ပြောပါတယ်။
အရင်တုန်းက အိမ်ခြံမြေလုပ်ငန်းလုပ်တယ်ဆိုတာက အရပ်အခေါ် ပွဲစားဖြစ်ပြီး ရပ်ကွက်ထဲမှာ ထီးဖြူဖိနပ်ပါး သွားလာရတာကနေ မြန်မာနိုင်ငံအိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးအသင်းကြီးလို နိုင်ငံတော်အသိအမှတ်ပြု တရားဝင်အသင်းအဖွဲ့ရှိလာတာကြောင့် အိမ်ခြံမြေရောင်းဝယ်ရာမှာ စည်းမျဉ်းစည်းကမ်းနဲ့အညီ ဥပဒေအတိုင်း ယုံကြည်စိတ်ချစွာ ဆောင်ရွက်လာနိုင်တယ်လို့ သိရပါတယ်။