Home  / News  / News Details

သတင်း အသေးစိတ်

ဒလအိမ်ခြံ​​မြေ​စျေး ငြိမ်သက်​​နေ

May 2, 2026  /

ဒလအိမ်ခြံ​​မြေစျေး ငြိမ်သက်​​နေ

မေလ (၂)ရက်

ဒလတံတားမဖွင့်ခင်အချိန်က ဒလမြို့နယ်မှာရှိတဲ့ အိမ်ခြံမြေစျေးဟာစျေးတဟုန်ထိုးမြင့်တက်နေရာမှ လက်ရှိအချိန်မှာတော့ငြိမ်သက်​​နေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေက ပြောပါတယ်။

ဒလတံတားကြီး ဖွင့်လှစ်လိုက်ပြီးတဲ့နောက်မှာ ဒလဘက်က အိမ်ခြံမြေစျေးတွေကတော့ တစ်ဟုန်ထိုး တက်လာနေပေမယ့် အရောင်းအဝယ်ကတော့ ထင်သလောက် မရှိဘူးလို့ဆိုပါတယ်။

" ရောင်းအဝယ်ကမရှိဘူး။စျေးတွေက​​တော့ခေါ်နေကြတာပဲ။ပြောရမယ်ဆိုရင် အမြင့်စျေးနဲ့ငြိမ်နေတာပေါ့။ အစကတော့ တံတားကြီးပြီးရင်အရောင်းအဝယ်ဖြစ်မယ်ထင်နေတာ" လ်ု ဒလအိမ်ခြံမြေအကျိုး​​တော်ဆောင်တစ်ဦးကပြောပါတယ်။

 လက်ရှိအခြေအနေအရ ဒလတံတားအဆင်းလမ်းမကြီးဘက်က မြေကွက်တွေဆိုရင် ပေ ၄၀၊ ပေ ၆၀ လောက်တောင် သိန်းသောင်းချီတဲ့အထိ စျေးခေါ်လာကြတာတွေရှိနေပြီး စျေးကွက်ကတော့ အတော်လေး လှုပ်ရှားနေတဲ့ပုံစံရှိပေမယ့် အရောင်းအဝယ်ကတော့ တကယ်မဖြစ်သေးဘူးလို့ သိရပါတယ်။ တံတားဖွင့်ပြီးနောက်ပိုင်းမှာတော့ ဒလဘက်က အိမ်ခြံမြေက စျေးကွက်အတွင်း လူစိတ်ဝင်စားမှု မြင့်တက်လာပေမယ့် လက်တွေ့အရောင်းအဝယ်ကတော့ အချိန်တစ်ခုလိုအပ်နေသေးတယ်လို့ အကျိုးဆောင်တွေက သုံးသပ်ထားကြပါတယ်။