Home  / News  / News Details

သတင်း အသေးစိတ်

ဒလအိမ်ခြံ​​မြေ​စျေး ငြိမ်သက်​​နေ

May 2, 2026  /

ဒလအိမ်ခြံ​​မြေ​စျေး ငြိမ်သက်​​နေ

မေလ (၂)ရက်

ဒလတံတားမဖွင့်ခင်အချိန်က ဒလမြို့နယ်မှာရှိတဲ့ အိမ်ခြံ​မြေ​စျေးဟာ ​စျေးတဟုန်ထိုးမြင့်တက်​နေရာမှ လက်ရှိအချိန်မှာ​တော့ငြိမ်သက်​​နေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေက ပြောပါတယ်။

ဒလတံတားကြီး ဖွင့်လှစ်လိုက်ပြီးတဲ့နောက်မှာ ဒလဘက်က အိမ်ခြံမြေစျေးတွေကတော့ တစ်ဟုန်ထိုး တက်လာနေ​ပေမယ့် အရောင်းအဝယ်ကတော့ ထင်သလောက် မရှိဘူးလို့ဆိုပါတယ်။

" အ​ရောင်းအဝယ်ကမရှိဘူး။ ​စျေး​တွေက​​တော့ ​ခေါ်​နေကြတာပဲ။​ပြောရမယ်ဆိုရင် အမြင့်​စျေးနဲ့ငြိမ်​နေတာ​ပေါ့။ အစက​တော့ တံတားကြီးပြီးရင်အ​ရောင်းအဝယ်ဖြစ်မယ်ထင်​နေတာ" လ်ု ဒလအိမ်ခြံ​မြေအကျိုး​​တော်​ဆောင်တစ်ဦးက​ပြောပါတယ်။

 လက်ရှိအခြေအနေအရ ဒလတံတားအဆင်းလမ်းမကြီးဘက်က မြေကွက်တွေဆိုရင် ပေ ၄၀၊ ပေ ၆၀ လောက်တောင် သိန်းသောင်းချီတဲ့အထိ စျေးခေါ်လာကြတာတွေရှိနေပြီး စျေးကွက်ကတော့ အတော်လေး လှုပ်ရှားနေတဲ့ပုံစံရှိပေမယ့် အရောင်းအဝယ်ကတော့ တကယ်မဖြစ်သေးဘူးလို့ သိရပါတယ်။ တံတားဖွင့်ပြီးနောက်ပိုင်းမှာတော့ ဒလဘက်က အိမ်ခြံမြေက စျေးကွက်အတွင်း လူစိတ်ဝင်စားမှု မြင့်တက်လာပေမယ့် လက်တွေ့အရောင်းအဝယ်ကတော့ အချိန်တစ်ခုလိုအပ်နေသေးတယ်လို့ အကျိုးဆောင်တွေက သုံးသပ်ထားကြပါတယ်။