Home  / News  / News Details

သတင်း အသေးစိတ်

လှိုင်မြစ်လမ်းသည် လှိုင်သာယာ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုဦးဆောင်ပေးနေတဲ့အရေးပါသော လမ်းမကြီးဖြစ်ဟုဆို

Jul 9, 2026  /

 

 

လှိုင်မြစ်လမ်းသည် လှိုင်သာယာ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုဦးဆောင်ပေးနေတဲ့အရေးပါသော လမ်းမကြီးဖြစ်ဟုဆို

ဇူလိုင် ရက်

လှိုင်သာယာမြို့နယ်ရဲ့ စီးပွားရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုတွင် လှိုင်မြစ်လမ်းမကြီးကအရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတဲ့ လမ်းမကြီးတစ်ခုဖြစ်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောပါတယ်။

၎င်း၏ ပြောကြားချက်အရ လှိုင်သာယာမြို့နယ်အတွင်း ရန်ကုန်ပုသိမ် (အမှတ် ) လမ်းမကြီးနှင့် လှိုင်မြစ်လမ်းမကြီးတို့သည် အဓိကလမ်းကြောင်းနှစ်ခုဖြစ်ပြီး၊ အထူးသဖြင့် လှိုင်မြစ်လမ်းတစ်လျှောက်တွင် စီးပွားရေးလုပ်ငန်းများနှင့် လူနေထိုင်မှုများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးလာနေတယ်လို့လည်းသိရပါတယ်။

လှိုင်မြစ်လမ်းဟာ သာမန်လမ်းတစ်လမ်းမဟုတ်ဘဲ လှိုင်သာယာရဲ့ စီးပွားရေးအသက်သွေးကြောလို ဖြစ်နေပါတယ်။ အောင်ဇေယျတံတားက ဆင်းလာတဲ့ လမ်းတစ်လျှောက်မှာ မီးခွက်ဈေးလို စည်ကားတဲ့နေရာတွေ၊ အဆင့်မြင့်အဆောက်အအုံတွေ၊ စားသောက်ဆိုင်တွေ၊ ကုမ္ပဏီရုံးခန်းတွေ၊ ဆေးရုံနဲ့ ကျောင်းတွေ တိုးလာတာက ဒီဒေသရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထင်ဟပ်စေတာပဲဟု ရွှေမြန်မာဒေါ့ကွန်းအိမ်ခြံမြေအကျိုးဆောင်ကိုစိုးမိုးကဆိုပါတယ်။

၎င်းက ဆက်လက်ပြီး လှိုင်မြစ်လမ်းဘေးတစ်လျှောက်တွင် စက်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ ရွှေဆိုင်တန်းများ၊ စားသောက်ဆိုင်ကြီးများနှင့် စီးပွားရေးအချက်အချာနေရာများ တည်ရှိနေခြင်းကြောင့် ဒေသတွင်း ကုန်သွယ်ရေးနှင့် လုပ်ငန်းလည်ပတ်မှုများ ပိုမိုအဆင်ပြေလာကြောင်းလည်း ဆိုပါတယ်။

ဒါ့အပြင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာမှုကြောင့် ကျောင်းများ၊ ဆေးရုံများနှင့် အခြေခံဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုဖွင့်လှစ်လာနိုင်ခဲ့ပြီး ဒေသခံများအတွက် ပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများကို လွယ်ကူစွာ ရရှိလာစေခဲ့တယ်လို့လည်း ၎င်းက သုံးသပ်ပါတယ်။

စီးပွားရေးလုပ်ငန်းတွေ စုစည်းတည်ရှိလာတာနဲ့အမျှ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ပိုများလာပါတယ်။ အဲဒါကြောင့် မိသားစုအများအပြား ဒီဒေသကို ပြောင်းရွှေ့အခြေချလာကြပြီး လူဦးရေတိုးလာတာနဲ့အတူ လှိုင်သာယာရဲ့ စီးပွားရေးနဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုကို လှိုင်မြစ်လမ်းက အဓိက ပံ့ပိုးပေးနေပါတယ်ဟု လည်းကိုစိုးမိုးကဆိုပါတယ်။