Home  / News  / News Details

သတင်း အသေးစိတ်

သုခဒဂုံပြည်သူ့အငှားအိမ်ရာ၏ အိမ်ခန်းငှားရမ်းခများကို အွန်လိုင်းမှတဆင့် ပေးဆောင်နိုင်ပြီ ။

Nov 6, 2024  /

သုခဒဂုံပြည်သူ့အငှားအိမ်ရာ၏ အိမ်ခန်းငှားရမ်းခများကို အွန်လိုင်းမှတဆင့် ပေးဆောင်နိုင်ပြီ ။

 နိုဝင်ဘာလ ( ၆ )ရက် ။

Myanmar  Property Dealer 

ရန်ကုန်တိုင်းဒေသကြီး ဒဂုံ(တောင်ပိုင်း)မြို့နယ်ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာအတွင်းရှိ အိမ်ခန်းငှားရမ်းခများကို အွန်လိုင်းမှတစ်ဆင့် ပေးဆောင် နိုင်ပြီဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရပါတယ်။

ယခုလက်ရှိတွင် သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အဆောက်အအုံများ ဆောက်လုပ်ပြီးစီးမှု အလိုက် ငှားရမ်းနေထိုင်ခွင့်ပြုထားပြီး အိမ်ခန်းငှားရမ်းခများကိုလည်း အွန်လိုင်းမှတဆင့် ပေးဆောင်နိုင်ရန် အတွက်စီစဉ်ဆောင်ရွက်ထားခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ကြီးမှူးပြီး အကောင် အထည်ဖော်ဆောင်ရွက်ထားရှိတဲ့  သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ    စီမံကိန်းတွင် ရန်ကုန်တိုင်း အတွင်းရှိ နေစရာ အခက်အခဲရှိသော ပြည်သူများ၊ အငြိမ်းစား ၀န်ထမ်းများနှင့်  လက်ရှိတာဝန်ထမ်းဆောင်နေသော နိုင်ငံ့၀န်ထမ်းများအား ငှားရမ်းနေထိုင်ခွင့်ပြုထားခြင်းဖြစ်ပါတယ်။

 သုခဒဂုံ ပြည်သူ့အငှားအိမ်ရာစီမံကိန်းတွင် စုစုပေါင်းတိုက် ၁၉၄ လုံး အခန်းပေါင်း ၃၁၀၄ ခန်းပါ၀င်ပြီး တည်ဆောက်ပြီးစီးမှု အလိုက်အိမ်ခန်းများကို ငှားရမ်းနေထိုင် ခွင့်ပြုလျက်ရှိရာ လက်ရှိအချိန်ထိ  ပထမအဆင့် တိုက် ၇၃ လုံးနှင့် ဒုတိယအဆင့် တိုက်အလုံး  ၅၀  ရှိအိမ်ခန်းများတွင် နေထိုင်ခွင့်ပြုပေးခဲ့ပြီး တတိယအဆင့် တိုက် ၇၁ လုံးကိုလည်း  လျာထားခဲ့ပြီး ဖြစ်ရာ ပြီးစီးမှုအရ အဆင့်ဆင့် နေရာ ချပေးသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်   

အဆိုပါ သုခဒဂုံပြည်သူ့အငှားအိမ်ရာတွင် တစ်လတာ  အိမ်ခန်းငှားရမ်းခများမှာ ပထမထပ် ၆၇၀၀၀ ကျပ်၊ ဒုတိယထပ် ၆၀၀၀၀ ကျပ်၊ တတိယထပ် ၅၅၀၀၀ ကျပ်နှင့် စတုတ္ထထပ်ကို ၄၆၀၀၀ ကျပ်စသည်ဖြင့်  အသီးသီး သတ်မှတ်ထားပြီး အိမ်ခန်းငှားရမ်း ခြင်းသက်တမ်းမှာ ငါးနှစ်ဖြစ်ပြီး ငါးနှစ် နေထိုင်ပြီးပါက  အိမ်ခန်းကို သက်ဆိုင်ရာသို့ပြန်လည်အပ်နှံရမှာဖြစ်တယ်လို့လည်းသိရပါတယ်။